မြန်မာ့ရိုးရာမီးပုံးများမန္တလေးဈေးကွက်တွင်ရောင်းချ

သီတင်းကျွတ်မီးထွန်းပွဲအတွက် မြန်မာ့ရိုးရာ မီးပုံးများ မန္တလေးဈေးကွက်တွင်စတင်ပြုလုပ်ရောင်းချ

မြန်မာ့ရိုးရာမီးပုံးများမန္တလေးဈေးကွက်တွင်ရောင်းချ

သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် မြန်မာ့ရိုးရာ မီးပုံးများနှင့် ဆက်စပ်ထုတ်ကုန်များ မန္တလေးဈေးကွက်တွင် စတင် ပြုလုပ်ရောင်းချနေပြီဖြစ်ပြီး ယမန်နှစ်ထက် ဈေးအနည်းငယ်သာ မြင့်တက်မှုရှိကြောင်း မီးပုံးများပြုလုပ်၍ နှစ်စဉ် ဖောက်သည်ရောင်းချနေသူ ဦးမြင့်ထွေး ကပြောသည်။

“ကျွန်တော်တို့က ဘိုးစဉ်ဘောင်ဆက် မီးပုံးတွေလုပ်ပြီး ဖောက်သည်ပေးတယ်။ ဝယ်သူတွေ ဈေးမများအောင် အတတ်နိုင်ဆုံးဈေး လျှော့ရောင်းပါတယ်။ ဒီနှစ်မှာ ကြာဖူးပုံလေးနဲ့ မီးပုံးကို ဒီဇိုင်းအသစ် ထုတ်ထားတယ်။ မီးပုံးကတော့ သီတင်းကျွတ်လပြည့်နားနီးမှ အများကြီးထုတ်တယ်။ အမှာကလည်း အဲဒီကျမှ အများကြီးလာတာပါ။ ခုချိန်မှာ ကား၊ သင်္ဘော၊ တိရိစ္ဆာန်ရုပ်တွေကို ကြိုလုပ်တယ်။ ကုန်ကြမ်းဈေးတက်ပေမယ့် မနှစ်ကထက် နည်းနည်းတော့ ဈေးမြင့်တယ်” ဟု ၎င်းကပြောသည်။

မြန်မာ့ရိုးရာမီးပုံးများမန္တလေးဈေးကွက်တွင်ရောင်းချ

ထိုသို့ ထုတ်လုပ်ရာတွင် မီးပုံးများသာမက ကလေးများနှစ်သက်သည့် လေယာဉ်ပျံ၊ မော်တော်ကား၊ သင်္ဘောနှင့် တိရိစ္ဆာန်ရုပ်များစသဖြင့် ၁၂ မျိုးကျော်ကို ဖယောင်းတိုင် မီးထွန်းလျှင် အလင်းရောင်ရရစေရန် တရုတ်ပြည်မှ ဝယ်ယူရသော မှန်စက္ကူနှင့် ဆီစိမ်စက္ကူများဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းမှာလည်း အရွယ်အစား၊ ဒီဇိုင်းပုံပေါ်မူတည်၍ အနည်းဆုံး ငွေကျပ် ၅၀၀ မှ ငွေကျပ် သောင်းဂဏန်းထိ ရှိကြောင်းသိရသည်။

“ရာသီထုတ်ကုန်ဆိုတော့ သီတင်းကျွတ်မတိုင်မီ တော်သလင်းလကနေ စလုပ်ပြီး နယ်တွေအတွက် အော်ဒါပို့ပေးရတယ်။ ကျွန်တော်တို့ ရောင်းဈေးနဲ့ လက်လီတစ်ခုခြင်းရောင်းဈေးက ကွာတာပေါ့။ လေယာဉ်ပျံဆို ၂၀၀၀ နဲ့ ဖောက်သည်ပေးရင် လက်လီမှာ ၂၅၀၀-၃၀၀၀ လောက် ဖြစ်သွားတယ်။ လက်လီရောင်းတဲ့အခါ အမျိုးအစားလိုက် ဈေးတင်ရောင်းကြတာပေါ့”ဟု ဆက်လက်ပြောကြားသည်။

အဆိုပါ သီတင်းကျွတ်မီးထွန်းပွဲ ရာသီထုတ်ကုန်များကို မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချနေရပြီး မှန်ရောင်စက္ကူနှင့် ဆီစိမ်စက္ကူအသုံးပြုကာ တင်းဝါးများဖြင့် ပုံစံမျိုးစုံ ပုံဖော်ပြုလုပ်သည့် မြန်မာ့လက်မှုပညာဖြစ်ကာ သီတင်းကျွတ်လ၏ မြန်မာ့ဓလေ့တစ်ခုလည်းဖြစ်ကြောင်းသိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/09/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%b7%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ac%e1%80%99%e1%80%ae%e1%80%b8%e1%80%95%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%bb/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 9, 2022 9:48 下午
下一篇 9月 9, 2022 9:50 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....