“လှပစုံညီ တရုတ်ပြည်” ကလေးပန်းချီပြိုင်ပွဲဖိတ်ခေါ်

“လှပစုံညီ တရုတ်ပြည်” ကလေးပန်းချီပြိုင်ပွဲဖိတ်ခေါ်

“လှပစုံညီ တရုတ်ပြည်” ကလေးပန်းချီပြိုင်ပွဲဖိတ်ခေါ်

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “လှပစုံညီ တရုတ်ပြည်” ခေါင်းစဉ်ဖြင့် မြန်မာ့ပန်းချီကြယ်ပွင့် ကလေးများအတွက် ကလေးပန်းချီပြိုင်ပွဲအစီအစဉ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါကလေးပန်းချီပြိုင်ပွဲကို တရုတ်-မြန်မာ ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်ခြင်းနှင့် လေ့လာသင်ယူခြင်းများကို မြှင့်တင်လုပ်ဆောင်နိုင်ရန်၊ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးသွားအ‌ရင်းအမြစ်များကို မြန်မာပရိသတ်များ ပိုမိုသဘောပေါက်နားလည်လာစေရန်နှင့် ပြည်သူများအချင်းချင်း နှလုံးသားချင်း ပိုမိုနီးစပ်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။

မြန်မာပြည်တစ်ဝှမ်းရှိ ပန်းချီဝါသနာရှင် အသက် (၆)နှစ်မှ (၁၆)နှစ်အတွင်းရှိ ပန်းချီဝါသနာရှင် လူငယ်လေးများ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ ပြိုင်ပွဲဝင်လက်ရာများကို ပေးပို့နိုင်မည်ဖြစ်သည်။

ပန်းချီရေးဆွဲရာတွင် တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးခေါင်းစဉ်ကို အခြေခံကာ တရုတ်နိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ အထင်ကရ ရှုမျှော်ခင်းနေရာများ၊ မြို့များ၊ လမ်းများ၊ ကျေးလက်ရှုခင်းများ၊ တောဓလေ့ပုံရိပ်များ၊ လူပုဂ္ဂိုလ်၊ ဆင်ယင်ထုံးဖွဲ့မှု၊ တရုတ်ရိုးရာ အစားအသောက်များ၊ ပွဲတော်ရက်များ၊ အဆောက်အဦများနှင့် သမိုင်းကြောင်းပုံပြင်များ စသည်တို့ကို မိမိနှစ်သက်သည့် ပန်းချီအမျိုးအစားကို ရွေးချယ် ရေးဆွဲနိုင်မည်ဖြစ်သည်။

ပြိုင်ပွဲကို Group (A) – (အသက် ၆နှစ်မှ ၁၁ နှစ်) ၊ Group (B) – (အသက် ၁၂ နှစ်မှ ၁၆ နှစ်) သတ်မှတ်မည်ဖြစ်ပြီး အုပ်စုနှစ်ခုစလုံးအား Popular Choice Award ဆု – (၃) ဆု ၊ အလှဆုံးခြယ်မှုန်းနိုင်မှုဆု – (၃) ဆု ၊ အကောင်းဆုံး ပေါင်းစပ်ဖွဲ့စည်းနိုင်မှုဆု – (၃) ဆုစီ ချီးမြှင့်သွားမည်ဖြစ်သည်။

ပန်းချီလက်ရာများ ပေးပို့ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲဝင်များအနေဖြင့် မိမိ၏ ပန်းချီလက်ရာပေါ်တွင် နာမည်ရေးထိုးကာ ထိုနာမည်ရေးထိုးထားပြီးသော ပန်းချီလက်ရာ၏ ဓာတ်ပုံနှင့် ပြိုင်ပွဲဝင်ကိုယ်တိုင် မိမိ၏ ပန်းချီလက်ရာအား ကိုင်ဆောင်လျက် ရိုက်ကူးထားသော ဓာတ်ပုံတို့ကို စက်တင်ဘာလ (၁၅)ရက်နေ့ နောက်ဆုံးထား၍ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ Facebook တွင်တင်ထားသော ပြိုင်ပွဲဖိတ်ခေါ် Post ၏ Comment တွင် ပေးပို့ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Comment ပေးပို့ရာတွင် ပြိုင်ပွဲဝင်၏ အမည်နှင့် အသက်ကိုပါ ထည့်သွင်းဖော်ပြပေးရမည် ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/09/%e1%80%9c%e1%80%be%e1%80%95%e1%80%85%e1%80%af%e1%80%b6%e1%80%8a%e1%80%ae-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba-%e1%80%80%e1%80%9c%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 9, 2022 9:52 下午
下一篇 9月 13, 2022 9:23 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....