ဧရာဝတီတိုင်းတွင် စပါးတင်း(၁၀၀)ကို ကျပ် ၁၃သိန်းဝန်းကျင်အထိ စျေးရနေ

ဧရာဝတီတိုင်းတွင် စပါးတင်း(၁၀၀)ကို ကျပ် ၁၃သိန်းဝန်းကျင်အထိ စျေးရနေ

ဧရာဝတီတိုင်းတွင် စပါးတင်း(၁၀၀)ကို ကျပ် ၁၃သိန်းဝန်းကျင်အထိ စျေးရနေ

ဧရာဝတီတိုင်းဒေသကြီးမှာ မိုးစပါးစတင်ထွက်ရှိချိန် စပါးတင်း (၁၀၀) ကို ကျပ် ၁၃ သိန်းဝန်းကျင်အထိ စျေးကောင်းရရှိနေကြောင်း ဒေသခံစပါးစိုက်ပျိုးသူများထံကသိရသည်။

ပြီးခဲ့သည့်နှစ် မိုးစပါးစတင်ထွက်ရှိချိန်က တင်း (၁၀၀) လျှင် ငွေကျပ် ၆၅၀,၀၀၀ မှ ၇၀၀,၀၀၀ အထိ သာ စျေးရခဲ့သော်လည်း ယခုနှစ်မှာ ဧည့်မထစပါး အခြောက် တင်း (၁၀၀) လျှင် ငွေကျပ် ၁၁ သိန်း မှ ၁၃ သိန်း ၀န်းကျင်နှင့်  စပါးအစိုတင်း (၁၀၀) လျှင် ငွေကျပ် ၉၅၀,၀၀၀ အထိ စျေးရနေခြင်းဖြစ်သည်။

ဧရာဝတီတိုင်းတွင် စပါးတင်း(၁၀၀)ကို ကျပ် ၁၃သိန်းဝန်းကျင်အထိ စျေးရနေ

လက်ရှိထွက်ရှိနေသည့် စပါးမျိုးသည် ဇွန်လတွင်စိုက်ပျိုးသည့် ရက်(၉၀)စပါးဖြစ်ပြီး အထွက်နှုန်းပုံမှန်ရှိကာ သွင်းအားစုစရိတ်တက်လာသည့်အတွက် မနှစ်ကထက် စပါးစျေးပိုကောင်းလာကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဆန်စျေးကွက်မှာ စပါးဟောင်းစျေးနှုန်းများ မြင့်တက်နေသည့်အတွက် စပါးသစ်များပါ စျေးကောင်းရနေခြင်းဖြစ်ပြီး လာမည့်လများတွင် မိုးစပါး လှိုင်လှိုင်ထွက်ရှိလာမည် ဖြစ်သည်။

သြဂုတ်လအတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါးထွက်ရှိမှုအနေဖြင့် ကျိုက်လတ် နှင့် မအူပင်မြို့နယ်များ၌ အနည်းငယ်ထွက်ရှိပြီး နိုဝင်ဘာလနှောင်းပိုင်းနှင့် ဒီဇင်ဘာလတို့တွင် ဖျာပုံ၊ လပွတ္တာ၊ မြောင်းမြ နှင့် ပုသိမ်မြို့နယ်များက ပေါ်ဆန်းစပါးများ ထွက်ရှိမည်ဖြစ်ကြောင်းသိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/09/%e1%80%a7%e1%80%9b%e1%80%ac%e1%80%9d%e1%80%90%e1%80%ae%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%85%e1%80%95%e1%80%ab%e1%80%b8%e1%80%90%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 9, 2022 9:49 下午
下一篇 9月 9, 2022 9:51 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....