၇ရက်နေ့COVID-19အတည်ပြုလူနာသစ်(၂၂၃)ဦးတွေ့ရှိ

စက်တင်ဘာလ ၇ ရက်နေ့တွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၂၂၃) ဦးတွေ့ရှိ

၇ရက်နေ့COVID-19အတည်ပြုလူနာသစ်(၂၂၃)ဦးတွေ့ရှိ

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ (၆-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၇-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၈၀၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၂၂၃) ဦး တွေ့ရှိရပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၂၇) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၂၃) ဦးအနက် (၁၄) ဦး၊ (၆.၃) ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၂၀၉) ဦး၊ (၉၃.၇) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများ ဖြစ်သည်။

ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၆,၀၂၃) ဦး ရှိပြီ ဖြစ်ပြီး ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၁၃၅) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၃,၉၈၃) ဦး ရှိပြီဖြစ်သည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/09/%e1%81%87%e1%80%9b%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%b7covid-19%e1%80%a1%e1%80%90%e1%80%8a%e1%80%ba%e1%80%95%e1%80%bc%e1%80%af%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%9e%e1%80%85%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 9, 2022 9:48 下午
下一篇 9月 9, 2022 9:49 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....