တရုတ်ကလှူဒါန်းသည့်COVID-19 Vaccineများလွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက အာဆီယံအားထောက်ပံ့၍ မြန်မာနိုင်ငံအတွက်လှူဒါန်းသည့် ကိုဗစ်-၁၉ Vaccine များ လွှဲပြောင်းပေးအပ်

တရုတ်ကလှူဒါန်းသည့်COVID-19 Vaccineများလွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက အာဆီယံအားထောက်ပံ့၍ မြန်မာနိုင်ငံအတွက်လှူဒါန်းသည့် ကိုဗစ်-၁၉ Vaccine အကြိမ်ရေ (Doses) ၂ သန်းနှင့် တွဲဖက်ဆေးထိုးအပ်များကို စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက အာဆီယံအားထောက်ပံ့၍ မြန်မာနိုင်ငံအတွက်လှူဒါန်းသည့် ကိုဗစ်-၁၉ Vaccine အကြိမ်ရေ (Doses) ၂ သန်းနှင့် တွဲဖက်ဆေးထိုးအပ်များ ရန်ကုန်မြို့သို့ ပို့ဆောင်ရောက်ရှိခဲ့ကြောင်း၊ ယခင်က နှစ်ဦးနှစ်ဖက်လမ်းကြောင်းမှတစ်ဆင့် ကူညီလှူဒါန်းသည့် Vaccine များအပါအဝင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် Vaccine အကြိမ်ရေပေါင်း ၅၃ သန်း ထောက်ပံ့ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Zheng Zhihong က ပြောကြားသည်။

တရုတ်ကလှူဒါန်းသည့်COVID-19 Vaccineများလွှဲပြောင်းပေးအပ်တရုတ်ကလှူဒါန်းသည့်COVID-19 Vaccineများလွှဲပြောင်းပေးအပ်

ထို့အတူ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းက ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ စစ်ဆေးရေးပစ္စည်း၊ အကာအကွယ်ဝတ်စုံ၊ Vaccine၊ ဆေးထိုးအပ်နှင့် Mobile Laboratory Vehicles စသည့် ပစ္စည်းအများအပြားကူညီပေးအပ်ခဲ့ပြီး ဆေးကုသရေးပညာရှင်အဖွဲ့ကို မြန်မာနိုင်ငံတွင် လာရောက်ကူညီရန်စေလွှတ်ခဲ့ကာ တရုတ်-မြန်မာနှစ်နိုင်ငံက လူမှုစီးပွားကဏ္ဍတွင် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးကို ထင်ဟပ်နေကြောင်း၊ သြဂုတ်လ ၂၉ ရက်နေ့အထိ မိမိတို့သည် ၁၈ နှစ်အထက်လူဦးရေပေါင်း သန်း ၃၀ အတွက် Vaccine ထိုးနှံပေးပြီးဖြစ်ကာ ထိုးနှံမှုနှုန်းသည် ၉၆% ရှိကြောင်း ပြောကြားခဲ့သည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/13/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%9c%e1%80%be%e1%80%b0%e1%80%92%e1%80%ab%e1%80%94%e1%80%ba%e1%80%b8%e1%80%9e%e1%80%8a%e1%80%b7%e1%80%bacovid-19-vaccine%e1%80%99%e1%80%bb/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 13, 2022 9:23 下午
下一篇 9月 13, 2022 9:24 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....