ဒူဘိုင်းသို့ လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီး ၇ ဦးအားကယ်တင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ဒူဘိုင်းသို့ လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီး ၇ ဦးအားကယ်တင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ဒူဘိုင်းသို့ လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီး ၇ ဦးအားကယ်တင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ပြီးခဲ့သည့်လ ဩဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာအမျိုးသမီးအဖွဲ့တစ်ဖွဲ့က Facebook လူမှုကွန်ရက် စာမျက်နှာတွင် ဒူဘိုင်းတွင် ဒုက္ခရောက်နေကြောင်းနှင့် ကူညီပေးကြပါရန် Live လွှင့်၍ ငိုကြွေး၍ အကူအညီတောင်းခံရာမှ မြန်မာ-ဒူဘိုင်း နှစ်နိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူကုန်ကူးခံရသူ မြန်မာအမျိုးသမီး ၇ ဦးအားကယ်တင်ခဲ့ကြကြောင်း သိရသည်။

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် အမြဲတမ်းနေထိုင်ခွင့်ဖြင့် နေထိုင်သည့် မြန်မာနိုင်ငံသားအဖွဲ့တစ်ဖွဲ့သည် “ဒူဘိုင်းတွင်လစာကောင်းကောင်းနှင့် အလုပ်ရမည်” ဟု မက်လုံးပေးစည်းရုံးကာ မြန်မာနိုင်ငံသားအမျိုးသမီးငယ်များကိုခေါ်ယူ၍ ဒူဘိုင်းသို့ ရောက်ရှိသည့်အခါ “အီရန်၊ အီရတ်၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ ဆော်ဒီ၊ ယီမင်၊ ဂျော်ဒန်နှင့် အိုမန်” နိုင်ငံများသို အတင်းအကြပ်စေလွှတ်ရောင်းစားမှုများ ပြုလုပ်နေကြောင်း သိရှိကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လဆန်းမှစ၍ လေ့လာစုံစမ်းမှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ဒူဘိုင်းသို့ လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီး ၇ ဦးအားကယ်တင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိဒူဘိုင်းသို့ လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီး ၇ ဦးအားကယ်တင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

လူကုန်ကူးခံရသည့် အမျိုးသမီးများသည် ဒူဘိုင်းတွင် အိမ်အကူအလုပ်ရမည်၊ လစာကောင်းမည်ပြော၍ ခေါ်ယူခဲ့ရာ ၃ လကျော်ကြာသည်အထိ အလုပ်မရသေးကြောင်း၊ ဒူဘိုင်းမြို့ရှိအမည်မသိနေရာရှိ အခန်းကျဉ်းတစ်ခုတွင်၎င်းတို့ ၇ ဦးအား ၁ လကျော်ပိတ်လှောင်ထားကြောင်း၊ ဒူဘိုင်း ရောက်ရှိသည်မှစ၍ ၎င်းတို၏ပတ်စပိုအားလုံးကိုလည်း သိမ်းယူထားကြောင်းစသဖြင့် Live လွှင့်ကာ ကူညီပေးကြပါရန် ငိုကြွေး၍ အကူအညီတောင်းခံခဲ့ရာမှ ယခုကဲ့သို့ သိရှိရခြင်းဖြစ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် အင်တာနက်မှ ရှာဖွေစိစစ်ဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ဩဂုတ်လ၂၆ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်အချိန်တွင် ဒူဘိုင်းတွင် ဒုက္ခရောက်နေသော မြန်မာအမျိုးသမီး ၇ ဦးနှင့် Messenger မှ ဆက်သွယ်မှုစတင်ရရှိခဲ့သည်။

၎င်းတို့ ၇ ဦး၏ ဖြစ်စဉ်အသေးစိတ် Online မှ မေးမြန်းစိစစ်ရာ တရားခံကေသီမြင့်သည် မြန်မာနိုင်ငံသား အမျိုးသမီးများကို ပြည်ပနိုင်ငံများသို စည်းရုံးခေါ်ယူ၍ တရားမဝင် အလုပ်အကိုင်ရှာပေးခြင်း၊ တတိယနိုင်ငံများသို ထပ်မံပို့ဆောင်ရောင်းစားခြင်း၊ ၎င်းစီစဉ်မှုကို လက်မခံလျှင် ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ လျော်ကြေးငွေတောင်းခံခြင်း၊ အလုပ်ရလျှင်လည်း ၃ လစာ၊ ၆ လစာဖြတ်ယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း စုံစမ်းရရှိသဖြင့် ၎င်းကျူးလွန်သော ပြစ်မှုများအတွက် ရန်ကုန်မြို့၊ တာမွေမြို့မရဲစခန်းတွင်အမှုဖွင့်ကာ အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့နှင့်တစ်ဆက်တည်းတွင် ဩဂုတ်လ ၂၆ ရက် နေ့လယ်ပိုင်းတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ ဒူဘိုင်းရဲဌာနချုပ်နှင့် အမျိုးသမီး ၇ ဦး ခိုအောင်းနေသည့် နယ်မြေရှိ ဒူဘိုင်းမြို့ Naif ရဲစခန်းသို့ အကြောင်းကြားခြင်း၊ အင်တာပိုလ်ရဲအဖွဲ့သို သတင်းဖလှယ် ဆက်သွယ်ခြင်းများ ဆောင်ရွက် အကူအညီ တောင်းခံမှုအရ မြန်မာနိုင်ငံသား လူကုန်ကူးခံရသူ အမျိုးသမီး ၇ ဦးအား ဩဂုတ်လ ၂၆ ရက်နေ့တွင် ဒူဘိုင်းရဲတပ်ဖွဲ့၏ စီစဉ်ပေးမှုဖြင့် လုံခြုံစိတ်ချရသည့် ဒူဘိုင်းအမျိုးသမီးစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင် စောင့်ရှောက်ထားရှိခဲ့သည်။

ဆက်လက်ပြီး သတင်းဆက်များဆက်လက်ဖော်ထုတ်ရာ မြန်မာအမျိုးသမီးများကို စည်းရုံးခေါ်ယူ၍ ဒူဘိုင်းရှိ ကေသီမြင့်ထံသို ပိုဆောင်ပေးနေသော မြန်မာနိုင်ငံမှ မီးမီး(ခ)နော်သောစေးအား ဩဂုတ်လ ၂၆ ရက်နေ့တွင်လည်းကောင်း၊ မဆွေဆွေမြင့် (ခ) အသေးလေးအား ဩဂုတ်လ ၂၉ ရက်နေ့တွင် လည်းကောင်း တာမွေမြို့မရဲစခန်းမှ ဖမ်းဆီးနိုင်ခဲ့သည်။

ထို့အတူ ဩဂုတ်လ ၃၀ ရက်နေ့တွင် တရားခံကေသီမြင့်အား ဒူဘိုင်းရဲအဖွဲ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ကေသီမြင့်သည် လူကုန်ကူးမှုကျူးလွန်သည့် တရားခံပြေးဖြစ်ကြောင်း ဩဂုတ်လ ၃၁ ရက်နေ့တွင် အင်တာပိုလ်က Red Notice ထုတ်ပြန်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူကုန်ကူးသူ တရားခံကေသီမြင့်နှင့် လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးငယ် ၇ ဦးတို့အား နိုင်ငံတော်မှ စရိတ်ကျခံမှုဖြင့်ခေါ်ယူခဲ့ရာ စက်တင်ဘာလ ၈ ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း UB-9502 ဖြင့် ဒူဘိုင်းမှ ဒေသစံတော်ချိန် ည ၉ နာရီထွက်ခွာခဲ့ရာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/13/%e1%80%92%e1%80%b0%e1%80%98%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%80%b7-%e1%80%9c%e1%80%b0%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%80%e1%80%b0%e1%80%b8%e1%80%81/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 9, 2022 9:53 下午
下一篇 9月 13, 2022 9:24 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....