ပြည်တွင်းစက်သုံးဆီဈေးကွက် အတက်ဈေးဖြင့်တည်ငြိမ်နေ

ပြည်တွင်းစက်သုံးဆီဈေးကွက် အတက်ဈေးဖြင့်တည်ငြိမ်နေ

ပြည်တွင်းစက်သုံးဆီဈေးကွက် အတက်ဈေးဖြင့်တည်ငြိမ်နေ

စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ နေ့အလိုက် သတ်မှတ်ထားသော တိုင်းဒေသကြီးနဲ့ပြည်နယ် မြို့တော်တွေအတွက် ရည်ညွှန်းလက်လီဈေးနှုန်း စာရင်းများအရ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ယခုရက်ပိုင်းတွင် အတက်ဈေးဖြင့် အပြောင်းအလဲ သိပ်မရှိဘဲ တည်ငြိမ်နေကြောင်း သိရသည်။

ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း မန္တလေးမြို့တွင် လက်လီရောင်းချရန်အတွက် စက်တင်ဘာလ ၁ ရက်နေ့ ပေါက်ဈေးမှာ 92RON တစ်လီတာလျှင် ၂၄၂၀ကျပ်၊ 95RON တစ်လီတာလျှင် ၂၄၈၅ကျပ်၊ HSD (500ppm)တစ်လီတာလျှင် ၃၁၈၅ကျပ်နှင့် HSD (50ppm&10) တစ်လီတာလျှင် ၃၂၇၀ကျပ်ရှိခဲ့ပြီး စက်တင်ဘာ ၁၂ ရက်နေ့ ပေါက်ဈေးမှာ 92RON တစ်လီတာ ၂၄၁၅ကျပ်၊ 95RON တစ်လီတာ ၂၅၂၀ကျပ်၊ HSD (500 ppm) တစ်လီတာ ၃၀၃၅ကျပ်နှင့် HSD (50ppm &10) တစ်လီတာ ၃၁၂၀ ကျပ်ရှိခြင်းကြောင့် 92RON နှင့် 95RON ဈေးနှုန်းများသည် ဈေးနှုန်းအပြောင်းအလဲ များများစားသိပ်မရှိခဲ့ဘဲ ဒီဇယ်ဈေးနှုန်းမှာ တစ်လီတာလျှင် ၁၅၀ကျပ် ဈေးကျခဲ့သည်ကို တွေ့ရသည်။

ဒေါ်လာ ငွေလဲနှုန်းနှင့် ရွှေဈေးများမှာ ရည်ညွန်းသတ်မှတ်ဈေးနှင့် ပြင်ပပေါက်ဈေးမှာ ကွာဟချက်များ ရှိနေသော်လည်း စက်သုံးဆီဈေးနှုန်းများမှာ ရည်ညွန်းသတ်မှတ်ဈေးများအတိုင်းသာ ရောင်းချနေသည်ကို တွေ့ရသည်။

ကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/13/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%80%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%ae%e1%80%88%e1%80%b1%e1%80%b8%e1%80%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 13, 2022 9:24 下午
下一篇 9月 13, 2022 9:24 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....