မြစ်ကြီးနားမြို့တွင် ငွေတု ပြုလုပ်သူများ ဖမ်းဆီးရမိ

မြစ်ကြီးနားမြို့တွင် ငွေတု ပြုလုပ်သူများ ဖမ်းဆီးရမိ

မြစ်ကြီးနားမြို့တွင် ငွေတု ပြုလုပ်သူများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းစုတောင် ရပ်ကွက်၊ ရမ်ပူရပ်ရှိ နေအိမ်တွင် ငွေတုပြုလုပ်သူများအား စက်တင်ဘာ ၈ ရက်နေ့က သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၈ရက်နေ့က ငွေတုသုံးစွဲနေမှုသတင်းများအရ မြစ်ကြီးနားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရှမ်းစုတောင်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆိုင်ကယ်မောင်းနှင်လာသည့် ရမ်ပူရပ်ကွက်နေ မောင်ပိုင်လင်းထွေး(ခ)ကာရံဖြိုး(၂၃နှစ်)နှင့် ပိုင်စိုးသူ(ခ)ကမား(၂၇နှစ်)တို့အား စစ်ဆေးခဲ့ရာ ကျပ်ငွေတစ်သောင်းတန် အစစ်တစ်ရွက် အတု ၂၇ ရွက်၊ YOMA BANK စာတမ်းပါ စာရွက်ဖြင့် ဖုံးအုပ်ထားသည့် တစ်သောင်းတန် အတု အရွက် ၁ဝဝပါ လေးအုပ်၊ ငါးထောင်ကျပ်တန် အတု အရွက် ၁ဝဝပါ တစ်အုပ်နှင့် ဖုန်းနှစ်လုံး သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်များအရ တစ်အိမ်တည်းအတူနေသူ အောင်သူရ(၂၁နှစ်)ထံတွင် ဖုန်းတစ်လုံး၊ YOMA BANK စာတမ်းပါစာရွက်ဖြင့် ပတ်ထားသည့် တစ်သောင်းတန် ၁၅ ရွက်တစ်အုပ်၊ ၈၇ ရွက်ပါ တစ်အုပ်၊ အရွက် ၉ဝပါ တစ်အုပ်၊ အရွက် ၁ဝဝပါနှစ်အုပ်၊ ငွေတုပြုလုပ်ရာတွင် အသုံးပြုသည့် EPSON CL3210 စာတမ်းပါ Printer တစ်လုံး၊ အဖုံးအတွင်း Scan ဖတ်စဉ် အသုံးပြုသည့် တစ်သောင်းကျပ်တန် ငွေစက္ကူအစစ်တစ်ရွက်၊ A4 ဆိုဒ်အဖြူရောင်စာရွက် ငါးဆယ်ပါ တစ်အိတ်၊ ဆက်စပ်ပစ္စည်းများဖြစ်သည့် ဓား၊ ရောင်စုံသားရေကွင်း၊ စတီးပေတံ၊ စာရွက်ဖြတ်စက်နှင့် မီးကြိုးများအား သက်သေများရှေ့မှောက်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းများအရသိရသည်။

ငွေတုများအား သုံးစွဲထုတ်လုပ်သူများဖြစ်သည့် ပိုင်လင်းထွေး(ခ)ကာရံဖြိုး၊ ပိုင်စိုးသူ(ခ)ကမားနှင့် အောင်သူရ တို့အား ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅၊၁၀၆ တို့ဖြင့် အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/13/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%84%e1%80%bd/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 13, 2022 9:24 下午
下一篇 9月 15, 2022 10:11 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....