စာအုပ်စျေးကွက် ရောင်းအား ထက်ဝက်ကျော်ကျ

စာအုပ်စျေးကွက် ရောင်းအား ထက်ဝက်ကျော်ကျ

စာအုပ်စျေးကွက် ရောင်းအား ထက်ဝက်ကျော်ကျ

တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် စာအုပ်အရောင်းဈေးကွက်မှာ ကျဆင်းလျက်ရှိပြီး မုံရွာစာအုပ်စျေးကွက်တွင် ရောင်းအားထက်ဝက်ကျော် ကျသွားကြောင်း ကိုစိုင်းဥာဏ်နိုင်လင်း (နိုင်လင်းစာပေ) ထံမှသိရသည်။

“စာအုပ်စျေးကွက်က ရောင်းအား သိသိသာသာကျနေတယ်။ စာအုပ်ထွက်နှုန်းမကျဘူး။ ဒါပေမယ့် စာအုပ်ဝယ်တဲ့နှုန်း တော်တော်ကျသွားတယ်။ ဝယ်တဲ့သူက မလိုက်နိုင်တော့တဲ့ အနေအထားဖြစ်သွားတယ်။ ဝါသနာကြီးပြီး ဝင်ငွေကောင်းနေတဲ့သူလောက်ပဲ ဝယ်ကြတော့တာ။ ပုံမှန်အလယ်အလတ်လူတွေက စာအုပ်ကို သိပ်မကပ်နိုင်ကြတော့ဘူး။ စာအုပ်ရောင်းအားထက်ဝက်လောက်ကို ကျသွားတာပါ”ဟု ကိုစိုင်းဥာဏ်နိုင်လင်း ကပြောသည်။

ယခုအချိန်သည် အစစအရာရာ စျေးအဆမတန်တက်ပြီး လူအများစု၏ဝင်ငွေသည် တက်မလာသည့်အတွက် အမှန်တကယ်လိုအပ်သည်ကိုသာ စိစစ်သုံးကြတော့သည့်အတွက် စာအုပ်ဝယ်ယူရန် အာရုံမထားတော့ခြင်းဖြစ်ကြောင်း ကိုစိုင်းဥာဏ်နိုင်လင်းကဆိုသည်။
စာအုပ်စျေးကွက် ရောင်းအား ထက်ဝက်ကျော်ကျ
“သိသိသာသာကို ကျသွားတယ်။ ဆိုင်ဖွင့်တာ ၃နှစ်ပြည့်ချိန်မှာ အခုက ရောင်းအားအကျဆုံးအချိန်ပါ။ ရှေ့အလားအလာကလဲ အကျပဲသွားမယ်နဲ့တူပါတယ်။ နိုင်ငံရေးပြန်ကောင်းမယ်။ လူတွေဝင်ငွေ ပြန်ကောင်းလာမယ်ဆိုရင်တော့ စာအုပ်စျေးကွက် ပြန်ကောင်းလာမယ် ထင်ပါတယ်”ဟု ကိုစိုင်းဥာဏ်နိုင်လင်း ကဆက်လက်ပြောသည်။

ပြီးခဲ့သည့်ကိုဗစ်ကာလက စာအုပ်ရောင်းအား အလွန်ကောင်းခဲ့ပြီး စာဖတ်နှုန်း များစွာတက်သွားသော်လည်း ၂၀၂၁ခု နောက်ပိုင်းတွင် သိသိသာသာ ကျသွားခြင်းဖြစ်ကြောင်းသိရသည်။ စာအုပ်ထုတ်ဝေသူများက ယခင်စာအုပ်အဟောင်းများ ပြန်ထုတ်နေပြီး စာဖတ်သူအနည်းစုက စိတ်နှင့်ပတ်သက်သည့်စာအုပ်၊ ဘဝနေနည်းစာအုပ်များ ဝယ်ဖတ်ကြကြောင်းသိရသည်။ စာအုပ်ဝယ်ဖတ်သူသည် ဝါသနာအရမ်းကြီးသည့်သူသာဖြစ်ပြီး ၎င်းတို့ကြိုက်လျှင် မရရအောင် ဝယ်ဖတ်လေ့ရှိကြောင်းလည်း သိရသည်။

“ဆရာမကြီးလူထုဒေါ်အမာရဲ့ အောင်ဗလစိန်ကတုံး စာအုပ်က ၂၅၀၀၀ ဆိုတော့ မရောင်းရဘူးထင်နေပေမယ့် ဝါသနာကြီးတဲ့သူကတော့ ဝယ်တယ်ဗျ။ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့”ဟု ကိုစိုင်းဥာဏ်နိုင်လင်း ကပြောသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/15/%e1%80%85%e1%80%ac%e1%80%a1%e1%80%af%e1%80%95%e1%80%ba%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba-%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 15, 2022 9:25 下午
下一篇 9月 15, 2022 9:26 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....