ပြည်တွင်းသကြားဈေး စံချိန်တင်မြင့်တက်လာ

ပြည်တွင်းသကြားဈေး ရက်ပိုင်းအတွင်း တစ်ပိဿာ ကျပ်  ၂၄၅၀  ထိ စံချိန်တင်မြင့်တက်လာ

ပြည်တွင်းသကြားဈေး  စံချိန်တင်မြင့်တက်လာ

ပြည်တွင်းသကြားဈေးကွက်၌ ဒေါ်လာဈေးမြင့်တက်လာခြင်းနှင့်အတူ စက်တင်ဘာလအတွင်း၌ ရက်ပိုင်း အတွင်း သကြားတစ်ပိဿာ ကျပ် ၂၀၀ ဈေးမြင့်တက်လာခဲ့ရာ လက်ရှိပေါက်ဈေးတွင် တစ်ပိဿာ ၂၄၅၀ ကျပ်ဖြင့် စံချိန်တင်မြင့်တက်လာကြောင်း သကြားကုန်သည်များထံက သိရသည်။

စက်တင်ဘာ ၉ ရက်ထိ သကြား တစ်ပိဿာ၂၂၅၀ ကျပ်ဖြင့်တည်ငြိမ်နေသော်လည်း စက်တင်ဘာ ၁၃ ရက်နေ့တွင် နိုင်ငံတကာသကြားစျေး မြင့်တက်လာခြင်းကြောင့် တစ်ပိဿာ ၂၄၅၀ ကျပ်ပေါက်ဈေးရှိသဖြင့် ၄ ရက်အတွင်း ကျပ် ၂၀၀ မြင့်တက်လာခြင်းဖြစ်သည်။

“ကမ္ဘာဈေးပြန်ကြည့်ရင်လည်း FOB ဈေးက သကြားတစ်တန်ကို ဒေါ်လာ ၆၀၀ ကျော်သွားပြီ။ အဲလိုမြင့်လာတော့ ပြည်တွင်းသကြား လက်ကျန်ရှိနေပေမယ့် ကုန်သည်တွေကလည်း သကြားဈေး ဆွဲတင်လာတယ်။ ပြည်တွင်းသကြားဈေးက နိုင်ငံတကာသကြာဈေးတက်တာနဲ့အတူ ပြည်တွင်းငွေလဲနှုန်းတွေကြောင့် ဈေးတက်လာပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌ ဦးဝင်းဌေးကပြေသည်။

“သကြားစက်ရုံတွေက လေလံပစ်ပြီးသား သကြားများကို နိုဝင်ဘာလထိပဲ ထားခွင့်ပေးထားတာဆိုတော့ အဲဒီနောက်ပိုင်းမှာ ဈေးကျသွားနိုင်တယ်။ ခုလိုဈေးတက်လာတာကလည်း ပြည်တွင်းစားသုံးမှု မလုံလောက်လို့မဟုတ်ဘဲ ကမ္ဘာ့ဈေးကွက်နဲ့ ငွေလဲနှုန်းတွေကြောင့်ပါ”ဟု ၎င်းကဆက်လက်ပြောကြားသည်။

သကြားစက်များမှ သကြားထုတ်လုပ်မှုအတွက် ကြံတောင်သူများထံမှ သြဂုတ်လက ကြံတစ်တန်လျင် စက်ရုံ အရောက် ကျပ် ၈၀၀၀၀ ဈေးပေးခဲ့ရာ စက်တင်ဘာ ၃ ရက်နေ့တွင် ရှမ်း/မြောက်ဒေသမှ သကြားစက်များက ကျပ် ၉၀၀၀၀ ထိ ဈေးပေးဝယ်ယူလာကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/15/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%88%e1%80%b1%e1%80%b8-%e1%80%85%e1%80%b6%e1%80%81%e1%80%bb%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 15, 2022 9:26 下午
下一篇 9月 20, 2022 10:42 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....