မဲခေါင်ဒေသရှိ သမဝါယမများ၏အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ Zoom Meeting စနစ်ဖြင့် ကျင်းပ

မဲခေါင်ဒေသရှိ သမဝါယမများ၏အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ Zoom Meeting စနစ်ဖြင့် ကျင်းပ

မဲခေါင်ဒေသရှိ သမဝါယမများ၏အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ Zoom Meeting စနစ်ဖြင့် ကျင်းပ

မဲခေါင်ဒေသရှိ သမဝါယမများ၏ အခန်းကဏ္ဍ ဖွံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်တွင် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ Zoom Meeting စနစ်ဖြင့် ကျင်းပကြောင်း သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ သမဝါယမလုပ်ငန်းများအပါအဝင် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို၏ သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို သက်ဆိုင်ရာနိုင်ငံအလိုက် ကိုယ်စားလှယ်များက ဆွေးနွေးကြမည် ဖြစ်သည်။

ယခုကဲ့သို အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြင့် မဲခေါင်ဒေသတွင်းနိုင်ငံများရှိ သမဝါယမ ကဏ္ဍများ အောင်မြင်တိုးတက်လာပြီး သမဝါယမကဏ္ဍမှတစ်ဆင့် မဲခေါင်ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွား မြှင့်တင်ရေးတွင် ကူညီထောက်ပံ့မှုများ ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မဲခေါင်ဒေသတွင်း နိုင်ငံများ၏ သမဝါယမကဏ္ဍမှ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ လယ်ယာကဏ္ဍ ဖွံဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို အထူးလေ့လာမှတ်သားပြီး မိမိတိုနိုင်ငံရှိ ပြည်သူများ၏ ဘဝတိုးတက်ရေးကို ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးနိုင်ရေး ကြိုးပမ်းနေသော ယခုလို အချိန်မျိုးတွင် အလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် ကောင်းမွန်သည့် ရလဒ်များရရှိကာ မိမိတိုနိုင်ငံ၏ သမဝါယမကဏ္ဍ ဖွံဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်သည့်  သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မဲခေါင်ဒေသတွင်း (၅) နိုင်ငံ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်၊ မဲခေါင်-လန်ချန်းဒေသအတွင်း စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန်၊ မဲခေါင်ဒေသတွင်း နိုင်ငံများ၏ လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြုပြီး သာယာဝပြောမှုကို တိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်မှုရရှိစေရန်နှင့် ဖွံဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချသွားရန်၊ အာဆီယံ အသိုက်ဝန်းတည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်မှု အစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည် ဖော်သွားရန်နှင့် ဖွံဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation) ကို တိုးမြှင့်သွားရန် အဓိကရည်ရွယ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/20/%e1%80%99%e1%80%b2%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%92%e1%80%b1%e1%80%9e%e1%80%9b%e1%80%be%e1%80%ad-%e1%80%9e%e1%80%99%e1%80%9d%e1%80%ab%e1%80%9a%e1%80%99%e1%80%99%e1%80%bb%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 20, 2022 10:42 下午
下一篇 9月 20, 2022 10:43 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....