တရုတ်သံရုံးမှလူကြီးများအတွက်စားနပ်ရိက္ခာလှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကချင်ပြည်နယ်ရှိ အသက် ၆၀ နှစ်အထက် လူကြီးများအတွက် စားနပ်ရိက္ခာလှူဒါန်း

တရုတ်သံရုံးမှလူကြီးများအတွက်စားနပ်ရိက္ခာလှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် SPIC/ACHC ကုမ္ပဏီမှ ကချင်ပြည်နယ်ရှိ အသက် ၆၀ နှစ်နှင့်အထက် လူကြီးများအတွက် စားနပ်ရိက္ခာလှူဒါန်းခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရရုံး၌ ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။

တရုတ်သံရုံးမှလူကြီးများအတွက်စားနပ်ရိက္ခာလှူဒါန်းတရုတ်သံရုံးမှလူကြီးများအတွက်စားနပ်ရိက္ခာလှူဒါန်းတရုတ်သံရုံးမှလူကြီးများအတွက်စားနပ်ရိက္ခာလှူဒါန်း

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ယာယီတာဝန်ခံ Ms. Cao Jing က အွန်လိုင်းမှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ကချင်ပြည်နယ်အစိုးရဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့အရာရှိ၊ လူမျိုးစုအသီးသီးခေါင်းဆောင်များနှင့် အသက် ၆၀ နှင့်အထက် လူကြီးကိုယ်စားလှယ်များ၊ SPIC ကုမ္ပဏီကိုယ်စားလှယ် စသည်ဖြင့် လူ ၃၀ ကျော် အခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။

ယခုအကြိမ် တရုတ်သံရုံးက ကချင်ပြည်နယ်သို့ စားရပ်ရိက္ခာများလှူဒါန်းခြင်းသည် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်အတွက် ခိုင်မြဲသောအခြေခံအုတ်မြစ်ချမှတ်ပေးသည့် လူကြီးမိတ်ဆွေများအပေါ် ကျေးဇူးတင်ရှိမှုနှင့် လေးစားမှုကိုဖော်ပြလိုခြင်းဖြစ်ကြောင်း၊ သံရုံးသည် ကချင်ပြည်နယ်နှင့် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်၍ ပြည်သူလူနေမှုဘဝ အကျိုးစီးပွားကို ကူညီတိုးမြှင့်ပေးကာ တည်ငြိမ်အေးချမ်းမှုနှင့် ရေရှည်ငြိမ်းချမ်းမှုကို မြှင့်တင်သွားလိုကြောင်း သံရုံးယာယီတာဝန်ခံ Ms. Cao Jing က ပြောကြားခဲ့သည်။

စားနပ်ရိက္ခာများသည် ကချင်ပြည်နယ်မှ ဆင်းရဲနွမ်းပါးသော သက်ကြီးရွယ်အိုများ လူနေမှုဘဝ ကောင်းမွန်လာစေရန် ကူညီပေးမည်ဖြစ်ကြောင်း၊ မိမိသည် ကချင်ပြည်နယ်အစိုးရနှင့် ပြည်သူများကိုယ်စား တရုတ်နိုင်ငံအား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါကြောင်း၊ အဆိုပါစားနပ်ရိက္ခာများအား အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများအား ခွဲဝေပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် တရုတ်နိုင်ငံနှင့်အတူ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်သံယောဇဉ် အဆက်မပြတ် တိုးတက်လာစေရန် တွန်းအားပေးဖော်ဆောင်သွားလိုကြောင်း ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/20/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%b6%e1%80%9b%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%be%e1%80%9c%e1%80%b0%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%99%e1%80%bb%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 15, 2022 9:27 下午
下一篇 9月 20, 2022 10:43 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....