(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO)တွင် မြန်မာပြခန်း ၃၀ ပါဝင်ပြသခဲ့

(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO)တွင် မြန်မာပြခန်း ၃၀ ပါဝင်ပြသခဲ့

(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO)တွင် မြန်မာပြခန်း ၃၀ ပါဝင်ပြသခဲ့

(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် စီပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုပွဲတော်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Nanning International Exhibition and Convention Center တွင် စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့ရာ မြန်မာပြခန်း ၃၀ ပါဝင်ပြသခဲ့ကြောင်း သိရသည်။

(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO)တွင် မြန်မာပြခန်း ၃၀ ပါဝင်ပြသခဲ့(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO)တွင် မြန်မာပြခန်း ၃၀ ပါဝင်ပြသခဲ့

(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) တွင် မြန်မာနိုင်ငံအနေဖြင့် မြန်မာအမျိုးသားပြခန်းဆောင် နှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) နိုင်ငံများ ပြခန်းဧရိယာတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းများပါဝင် ပြသခဲ့ခြင်းဖြစ်ပြီး ကျောက်မျက်ရတနာများ၊ သစ်သားပရိဘောဂများ၊ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများစသည့် ကုန်စည်ပြခန်း (၃၀) ကို မြန်မာ့ထွက်ကုန် ထုတ်ကုန်များ တင်ပို့မှု မြှင့်တင်ရန် ပါဝင်ပြသခဲ့သည်။

(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် စီပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုပွဲတော်တွင် အမေရိကန်ဒေါ်လာ ၅၉.၀၂ ဘီလျံနှင့်ညီမျှသည့် တရုတ်ယွမ်ငွေ ၄၁၃ ဘီလျံ တန်ဖိုးရှိ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းပေါင်း ၂၆၇ ခု လက်မှတ်ရေးထိုးခဲ့ကြသည်။

“RCEP အခွင့်အလမ်းသစ်များမျှဝေ၊ တရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်ဒေသ ဗားရှင်း-၃ တည်ဆောက်” ဟူသောဆောင်ပုဒ်နှင့်ပြသသည့် ယခုနှစ်ကုန်စည်ပြပွဲကြီးသည် ၂၀၂၁ခုနှစ် ပြည့်စုံကျယ်ပြန့်သော မဟာဗျူဟောမိတ်ဖက်ပြုခြင်းနှင့် ဒေသဆိုင်ရာ ကျယ်ပြန့်သောစီးပွားမိတ်ဖက် RCEP အစီအစဉ်များကြေညာအပြီး ပထမဆုံးကျင်းပတဲ့ကုန်စည်ပြပွဲဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/20/%e1%81%81%e1%81%89-%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%a1%e1%80%ac%e1%80%86/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 20, 2022 10:43 下午
下一篇 9月 24, 2022 12:00 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....