မန္တလေးမိုးရာသီစိုက်ပျိုးစရိတ်ချေးငွေချေးယူသူမရှိ

မန္တလေးတိုင်းတွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ လျာထားချက်ပြည့်မီအောင် ချေးယူသူမရှိ

မန္တလေးမိုးရာသီစိုက်ပျိုးစရိတ်ချေးငွေချေးယူသူမရှိ

မန္တလေးတိုင်းဒေသကြီးအတွင်း အစိုးရအစီအစဉ်ဖြင့်ထုတ်ချေးပေးသော မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ လျာထားချက် ကျပ် သန်း ၅၀၀၀ ကျော်ကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည် ဖြစ်သော်လည်း လျာထားချက်ပြည့်မီအောင် ချေးယူသူမရှိကြောင်း သိရသည်။

လက်ရှိတွင် သွင်းအားစု မြေဆီနှင့်စက်သုံးဆီစျေးများ မြင့်တက်နေခြင်းကြောင့် တောင်သူများအနေဖြင့် စပါးတစ်ဧက စိုက်ပျိုးစရိတ်မှာ ယခင်ထက် ၃ဆခန့် မြင့်တက်ကုန်ကျနေကြောင်း တောင်သူများထံက သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးတောင်သူများအား ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် ငွေကျပ် သန်း ၅၀၄၀၄ ကို ထုတ်ချေးပေးရန် လျာထားခွင့်ပြုထားပြီး ဇွန်လမှ စတင်ထုတ်ချေးပေးခဲ့ရာ စက်တင်ဘာ ၂၁ ရက်နေ့ထိ ငွေကျပ် ၃၉၇၅၁ ဒသမ ၆၀ သန်းထုတ်ချေးပေးပြီးဖြစ်သည်ဟုဆိုသည်။

“စိုက်ပျိုးတောင်သူတွေကို အတိုးနှုန်းသက်သာစွာနဲ့ မိုး၊ ဆောင်း၊ မိုးကြို စတဲ့ ရာသီအလိုက် ချေးငွေထုတ်ချေး ပေးနေပါတယ်။ မိုးရာသီ ချေးငွေထုတ်ဖို့ ကျန်နေတဲ့သူတွေအတွက် လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့ လကုန်ထိ ထုတ်ချေးပေးမှာပါ။ ဆောင်းရာသီ သီးနှံအတွက်လည်း ချေးငွေထုတ်ချေးပေးသွားဖို့လည်း ရှိပါတယ်” ဟု တိုင်းဒေသကြီး ဘဏ်ခွဲမန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောသည်။

တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများမှ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် စပါးသီးနှံစိုက် တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲ၊ အခြားသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ကုလားပဲ၊ မတ်ပဲ၊ ပဲပုတ်၊ ဝါ စသည်တို့အတွက် တစ်ဧကလျှင် ကျပ် တစ်သိန်းနှုန်းဖြင့် ချေးငွေထုတ်ချေးပေးနေခြင်းဖြစ်သည်။

အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တိုင်းဒေသကြီးအတွင်း ၂၃ မြို့နယ်မှ ကျေးရွာ ၆၂၃ ရွာမှ တောင်သူ ပေါင်း ၅၀၀၂၆  ဦးတို့၏ စပါးသီးနှံနှင့် အခြားသီးနှံ ဧကပေါင်း ၂၆၉၈၆၉ အတွက် ထုတ်ချေးပေးမည်ဖြစ်ပြီး စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/24/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bb/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 24, 2022 12:03 下午
下一篇 9月 24, 2022 12:04 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....