ငြိမ်းချမ်းရေးနေ့အခမ်းအနားမြန်မာကိုယ်စားလှယ်တက်

ပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ၂၀၂၂ သို့ မြန်မာကိုယ်စားလှယ်အဖွဲ့များ ရုပ်သံမှတစ်ဆင့် တက်ရောက်ခဲ့

ငြိမ်းချမ်းရေးနေ့အခမ်းအနားမြန်မာကိုယ်စားလှယ်တက်

တရုတ်ပြည်သူ့ ငြိမ်းချမ်းရေးနှင့် လက်နက်ဖျက်သိမ်းရေးအသင်း The CHINESE PEOPLE’S ASSOCIATION FOR PEACE AND DISARMAMENT (CPAPD) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် စက်တင်ဘာလ ၂၁ ရက်နေ့က ကျင်းပပြုလုပ်သော “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ၂၀၂၂” သို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ တို့မှ ကိုယ်စားလှယ်များသည် ရုပ်သံမှတစ်ဆင့် တက်ရောက်ခံကြကြောင်း သိရသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သမ္မတ ရှီကျင့်ဖျင် ပေးပို့သည့် သဝဏ်လွှာအား နိုင်ငံတကာရေးရာဌာနဝန်ကြီး Mr. Liu Jian Chao က ဖတ်ကြားခဲ့ပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ Wang Quishan တက်ရောက်မိန့်ခွန်း ပြောကြားဖွင့်လှစ်၍ နိုင်ငံပေါင်း ၆ နိုင်ငံမှ နိုင်ငံရေးခေါင်းဆောင် ၆ ဦးနှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲအစည်း အတွင်းရေးမှူးချုပ်တို့က ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ ၁၉၈၁ ခုနှစ်၌ စတင်သတ်မှတ်ခဲ့ပြီး နှစ်စဉ်စက်တင်ဘာလ ၂၁ ရက်နေ့တွင် အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်လျက်ရှိသည်။

ငြိမ်းချမ်းရေးနေ့အခမ်းအနားမြန်မာကိုယ်စားလှယ်တက်ငြိမ်းချမ်းရေးနေ့အခမ်းအနားမြန်မာကိုယ်စားလှယ်တက်ငြိမ်းချမ်းရေးနေ့အခမ်းအနားမြန်မာကိုယ်စားလှယ်တက်ငြိမ်းချမ်းရေးနေ့အခမ်းအနားမြန်မာကိုယ်စားလှယ်တက်

“အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ၂၀၂၂” ကို ကြီးမှူး၍ ကျင်းပပြုလုပ်သော CPAPD သည် ၁၉၈၅ ခုနှစ်၊ ဇွန်လတွင် စတင်ဖွဲစည်းခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ထားသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အရပ်ဘက်အဖွဲအစည်းတစ်ရပ်ဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ခန့် အရပ်ဘက်လူမှုအဖွဲအစည်းများနှင့် သုတေသနအဖွဲပေါင်း ၃၀၀ ကျော်တို့ဖြင့် ပူးပေါင်းဆောင်ရွက်၍ နိုင်ငံတကာနှင့် ဒေသတွင်း လက်နက်ထိန်းချုပ်ရေး၊ ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးတို့အပေါ် အဓိကထား ဆောင်ရွက်လျက်ရှိသည်။

CPAPD သည် ငြိမ်းချမ်းမှုပြန့်ပွားရေးနှင့် မြှင့်တင်ရေးတိုကို အလေးထားလျက် ၁၉၈၉ ခုနှစ်မှ စတင်၍ “သိပ္ပံနှင့်ငြိမ်းချမ်းရေး နိုင်ငံတကာသတင်းပတ်” (၃၃) ကြိမ် ကျင်းပပြုလုပ်ခဲ့မှု အပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် ပူးတွဲ၍ “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား” (၈) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။

အခမ်းအနားကို အစီအစဉ်အတိုင်း ပြုလုပ်ခဲ့ကြပြီး ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား၏ ဆောင်ပုဒ်အဖြစ် “ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိမ်းသိမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ကနဦးလုပ်ငန်းအား အရေးယူ ဆောင်ရွက်ခြင်း” အား ရွေးချယ်အတည်ပြုခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/24/%e1%80%84%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%99%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%80%94%e1%80%b1%e1%80%b7%e1%80%a1%e1%80%81%e1%80%99%e1%80%ba%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 24, 2022 12:01 下午
下一篇 9月 24, 2022 12:03 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....