မိုဘိုင်းငွေကြေးသုံးစွဲသူများစိုးရိမ်မှုမြင့်တက်လာ

မိုဘိုင်းငွေကြေး သုံးသူများ Level 2 သို့ တိုးမြှင့်အသုံးပြုရန်ကြေငြာပြီးနောက် အကောင့်ပိတ်ခံရသူများ ရှိလာရာ သုံးစွဲသူများ စိုးရိမ်မှုမြင့်တက်လာ

မိုဘိုင်းငွေကြေးသုံးစွဲသူများစိုးရိမ်မှုမြင့်တက်လာ

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မိုဘိုင်းငွေပေးချေမှု အသုံးပြုသူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား အဆင့် ၂ (Level 2)အဆင့်သို့ အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း ကြေငြာခဲ့ပြီး နောက်ရက်တွင် အကောင့်များလတ်တလောအသုံးပြု၍မရဘဲ အပိတ်ခံထားရသူများရှိလာရာ သုံးစွဲသူများအနေဖြင့် စိုးရိမ်မှုများမြင့်တက်လာကြောင်း သိရသည်။

“အကောင့်ပိတ်ခံရတယ်ဆိုပြီး ဖေ့ဘုတ်မှာ ပြန့်လာတယ်။ တဆက်တည်းမှာပဲ အွန်လိုင်းရှော့ပင်းတစ်ချို့က မိုဘိုင်းငွေလွှဲတွေ လက်မခံတော့ဘူးဆိုပြီး ကြေငြာလာကြတယ်။ သုံးစွဲသူတော်တော်များများက ဘာလုပ်ရမယ်ဆိုတာ မသိကြဘူး။ တစ်ချို့လည်း ဘဏ်ကိုသွားပြီး Level 2 မြင့်တာတွေလုပ်တယ်လို့ ကြားရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဂယက်က ပြည်သူတွေအကြားမှာ စိုးရိမ်စိတ်တွေ အများကြီး ဖြစ်စေခဲ့တယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

မိုဘိုင်းငွေကြေးသုံးစွဲသူများစိုးရိမ်မှုမြင့်တက်လာ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လုံခြုံ၍စွမ်းရည်ပြည့်ဝသော အမျိုးသားငွေပေးချေမှု စနစ်တစ်ရပ်ပေါ်ပေါက်လာစေရန် ဆိုပြီး ဆောင်ရွက်လာတာဖြစ်ပြီး မသမာသည့်နည်းလမ်းဖြင့် တရားမဝင်ငွေလွှဲပြောင်းမှုများနှင့် ငွေကြေး လိမ်လည်မှုများ လုပ်ဆောင်တာတွေကြောင့် နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ဟုဆိုကာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုဘိုင်းငွေကြေးသုံးစွဲသူများသည် မိုဘိုင်းငွေကြေးစာရင်းများတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်၊ ဆင်းမ်ကတ်နံပါတ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ National Database ၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်(SIM Registration Database)များရှိ အချက်အလက်များနှင့် တူညီရန်လိုအပ်ပြီး သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့် မိုဘိုင်းငွေကြေး စာရင်းများအား အပြီးတိုင် ပိတ်သိမ်းသွားမည်ဟု  မြန်မာနိုင်ငံတော်ဗဟိုဘဏ် အသိပေးကြေငြာထားကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/24/%e1%80%99%e1%80%ad%e1%80%af%e1%80%98%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%84%e1%80%bd%e1%80%b1%e1%80%80%e1%80%bc%e1%80%b1%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%85%e1%80%bd/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 24, 2022 12:00 下午
下一篇 9月 24, 2022 12:03 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....