၂၃ ရက်နေ့COVID-19လူနာသစ်(၃၀၀)ဦးစစ်ဆေးတွေ့ရှိ

စက်တင်ဘာလ ၂၃ ရက်နေ့ တစ်နေ့တည်းတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၃၀၀) ဦး စစ်ဆေးတွေ့ရှိ

၂၃ ရက်နေ့COVID-19လူနာသစ်(၃၀၀)ဦးစစ်ဆေးတွေ့ရှိ

ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ (၂၂-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၁,၄၉၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၃၀၀) ဦး တွေ့ရှိရပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၆၁) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၂၀,၇၄၄) ဦး ရှိပြီဖြစ်ပြီး ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၆,၅၀၆) ဦး၊ သေဆုံးသူစုစုပေါင်း (၁၉,၄၅၃) ဦး ရှိပြီဖြစ်သည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/24/%e1%81%82%e1%81%83-%e1%80%9b%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%b7covid-19%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%9e%e1%80%85%e1%80%ba%e1%81%83%e1%81%80%e1%81%80%e1%80%a6%e1%80%b8%e1%80%85/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 24, 2022 12:05 下午
下一篇 9月 28, 2022 8:07 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....