မကွေးတိုင်းဒေသကြီးမှ (G.A.P)နှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချရာ ဈေးကောင်းရရှိ
မကွေးတိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် တောင်သူအစုအဖွဲ့များ ပူးပေါင်းဆောင်ရွက်သော နှမ်းသီးနှံစုပေါင်းရောင်းချပွဲကို ဩဂုတ် ၁၅ ရက် မှ စက်တင်ဘာ ၂၁ ရက်ထိ ပြုလုပ်ရာ နှမ်းမျိုးစုံတန်ချိန် ၁၄၀၀ ကျော် စုပေါင်းရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါ နှမ်းသီးနှံစုပေါင်းရောင်းချပွဲသို့ ရန်ကုန်၊ မန္တလေး တို့မှာ နှမ်းပို့ကုန်သမားများ လာရောက်ဝယ်ယူခဲ့ကြောင်း ၊ ဂျီအေပီစနစ်ဖြင့်စိုက်ပျိုးထုတ်လုပ်သော နှမ်းမျိုးများမှာ ဈေး အနည်းငယ်ပိုမိုရရှိကြောင်း၊ ဆက်လက်ပြီး ဂျီအေပီ နှမ်းသီးနှံကို ပိုမိုစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ညွှန့် က ပြောသည်။
“နှမ်းနက်ပေါက်ဈေးကတော့ တစ်တင်းကို ငွေကျပ် ၁၁၆၀၀၀ ပေါက်ဈေးရရှိပါတယ်။ လက်ရှိပေါက်ဈေးက ဈေးကောင်းရရှိပါတယ်။ နှမ်းဖြူကတော့ တစ်တင်း ငွေကျပ် ၁၁၀၀၀၀ ပေါက်ဈေးရှိပါတယ်။ နှမ်းစတင်ရောင်းချိန်က နှမ်းနက် တစ်တင်း ပေါက်ဈေးငွေ ကျပ် ၁၀၀၀၀၀ ကျော်လောက်က စတင်ရောင်း ချတာပါ။ ဩဂုတ် ၂၅ရက်နေ့ကတည်းက ဈေးတွေတက်လာတာ စက်တင်ဘာ ၂၁ ရက်နေ့မှာတော့ သုံးတင်းတစ်အိတ်ကို ၃၄၈၀၀၀ ထိဈေးကောင်းရရှိခဲ့ပါတယ်။ မကွေးဒေသ၊ မန္တလေးပွဲရုံဈေးကွက်နဲ့ယှဉ်ရင် ဈေးကောင်းရရှိပါတယ်။ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ အနေနဲ့ ရန်ကုန်-မန္တလေး ပို့ကုန်သမား ၅ဦးကို ဖိတ်ခေါပြီး စုပေါင်းရောင်းချပါတယ်။ နောက်ဆိုရင် နှမ်းသီးနှံအပြင် မြေပဲ၊ ပဲတီးစိမ်း၊ ပဲစင်းငုံ၊ စားတော်ပဲ တို့ကိုပါ တိုးချဲ့ရောင်းချသွားမှာပါ။ တောင်သူသီးနှံတွေကိုလည်း ဂျီအေပီစနစ်နဲ့ စိုက်ပျိုးထုတ်လုပ်သွားမှာပါ။ လက်ရှိပေါက်ဈေးက ပုံမှန်အထွက်နှုန်း ရရှိသူတွေကတော့ စိုက်ပျိုးကုန်ကျစရိတ်ရဲ့ ထက်ဝက်ကျော် အကျိုးအမြတ်ရရှိပါတယ်။ လက်ရှိမှာ တောင်သူသီးနှံ လှိုင်လှိုင်ပေါ်ချိန်မှာ ဆောင်းမြေပဲ၊ ပဲတီစိမ်းတွေ စုပေါင်းရောင်းချသွားမှာပါ” ဟု ၎င်းကပြောသည်။
နှမ်းသီးနှံ စုပေါင်းရောင်းချပွဲတွင် ဂျီအေပီ တောင်သူဦးရေ ၃၃၅၀ ကျော် နှင့်အခြားတောင်သူဦးရေ ၃၅၀၀ ကျော် စုစုပေါင်းတောင်သူဦးရေ ၇၀၀၀ ကျော်က နှမ်းတန်ချိန် ၁၄၀၀ ကျော် စုပေါင်းရောင်းခဲ့ကြောင်း သိရသည်။
တောင်သူများအနေဖြင့် ယခုလို သီးနှံများကို စုပေါင်းရောင်းချခြင်းကြောင့် ဈေးကောင်းရရှိကြသလို သွင်းအားစု မြေဆီများက်ိုလည်း စုပေါင်းဝယ်ယူခြင်းကြောင့်လည်း ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ကြောင်းသိရသည်။
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/28/%e1%80%99%e1%80%80%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%92%e1%80%b1%e1%80%9e%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%99%e1%80%be-g-a-p%e1%80%94/