မန္တလေးကမ္ဘောဇဘဏ်(၁၉)လက်လုပ်ဗုံးပေါက်ကွဲ

မန္တလေးရှိ ကမ္ဘောဇဘဏ် ဘဏ်ခွဲ (၁၉)တွင် လက်လုပ်ဗုံးပေါက်ကွဲပြီး အထိုင်မီးစက် မီးလောင်မှုဖြစ်ပွား

 မန္တလေးကမ္ဘောဇဘဏ်(၁၉)လက်လုပ်ဗုံးပေါက်ကွဲ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်း၊ ၆၆လမ်းနှင့်၆၇လမ်းကြားရှိ ကမ္ဘောဇဘဏ် ဘဏ်ခွဲ (၁၉)တွင် စက်တင်ဘာလ ၂၆ ရက် နံနက်၉နာရီခွဲခန့်က လက်လုပ်ဗုံးပေါက်ကွဲခဲ့ပြီး ဘဏ်အနောက်ဘက်ရှိ အထိုင်မီးစက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အတူ ဘဏ်အနောက်ဘက်ရှိ မှန်ပြတင်းပေါက် ၂ ချပ် ကွဲကြေပျက်စီးခဲ့သည်ဟု ဒေသတွင်းသတင်းဖော်ပြမှုများမှ သိရသည်။

ပေါက်ကွဲသံ ကျယ်လောင်စွာထွက်ပေါ်လာပြီးနောက် ဘဏ်ရှိ မီးစက်မီးလောင်နေသည်ကို တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက အတည်ပြုပြောကြားသည်။

ကမ္ဘောဇဘဏ် ဘဏ်ခွဲ (၁၉)တွင် အထိုင်မီးစက်ကြီးမှာ မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်ဖြစ်ပွားသည့် မီးစက်အနီးတွင် လက်လုပ်ဗုံးဟု ယူဆရသော သံဘောစိများနှင့် PVC ပိုက် အပိုင်းအစများကို တွေ့ရှိခဲ့ရကာ တာဝန်ရှိသူများမှ CCTV မှတ်တမ်းများအား ကြည့်ရှု၍ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းအရင်း စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/28/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%99%e1%80%b9%e1%80%98%e1%80%b1%e1%80%ac%e1%80%87%e1%80%98%e1%80%8f%e1%80%ba%e1%81%81%e1%81%89%e1%80%9c%e1%80%80%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 28, 2022 9:05 下午
下一篇 9月 28, 2022 9:07 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....