မုံရွာတွင်သီတင်းကျွတ်မီးပုံးလုပ်သူမရှိသလောက်ဖြစ်

ကုန်ကြမ်းစျေး ၃ဆခန့်မြင့်တက်သွားခြင်းကြောင့် မုံရွာမြို့တွင် သီတင်းကျွတ်မီးပုံးလုပ်သူ မရှိသလောက်ဖြစ်နေ

မုံရွာတွင်သီတင်းကျွတ်မီးပုံးလုပ်သူမရှိသလောက်ဖြစ်

ရာသီချိန်ကိုက်လုပ်ရသော သီတင်းကျွတ်မီးပုံး၏ ကုန်ကြမ်းစျေးသည် ပြီးခဲ့သည့်နှစ်ထက် ၃ဆခန့် မြင့်တက်သွားခြင်းကြောင့် မုံရွာမြို့တွင် မီးပုံးလုပ်သူမရှိသလောက် ဖြစ်နေကြောင်းသိရသည်။

“မနှစ်က မီးပလုံး၊ မီးအိမ်လေးတွေ အခု ၁၀၀၀ ကျော်လောက်အထိ လုပ်သွင်းရတယ်။ ဒီနှစ်မှာတော့ အလုံး ၁၀၀၊ ၁၂၀ လောက်ပဲ လုပ်ရသေးတယ်။ စျေးကွက်စီးပွားရေးအခြေအနေ သိပ်မကောင်းတာလဲပါတယ်။ မှန်ရောင်စက္ကူစျေးတွေလည်း တက်တယ်။ အတွင်းထဲမှာထည့်တဲ့ ကြေးခြေစျေး (ဖယောင်းတိုင်ထည့်တဲ့ခွက်)၊ ဝါးစျေးတွေလည်းတက်တော့ လုပ်ရတာအဆင်မပြေဘူး။ စျေးက ၃ဆလောက်ထိ တက်တယ်။ မနှစ်က မှန်ရောင်စက္ကူတစ်ရွက် ၃၀၀ ကနေ ဒီနှစ် ၈၀၀ ထိ ပေးဝယ်ရတယ်။ မနှစ်က ၁၀၀၀ ဝယ်ရရင် ဒီနှစ် ၁၈၀၀ ပေးဝယ်ရတယ်” ဟု မီးပုံးအနည်းငယ်လုပ်သူ မုံရွာမြို့ ထန်းတောရပ်ကွက်နေ မစုထွေးအောင် ကပြောသည်။

မြန်မာ့ယဥ်ကျေးမှုလက်မှုကုန်များဖြစ်သောကြောင့် ဝယ်ယူအားပေးသူ အနည်းငယ်ရှိသော်လည်း အခုရေများများမဝယ်တော့ဘဲ အနည်းငယ်သာ ဝယ်ယူကြတော့ကြောင်း သိရသည်။ ယခင်က မီးပုံးတစ်လုံးလျှင် ရာဂဏန်းစျေးသာရှိရာ ဝယ်သူများခဲ့ပြီး ယခုနှစ်တွင် မီးပုံးတစ်ခု ကျပ် ၁၀၀၀၊ ၁၂၀၀ ဖြစ်နေရာ ဝယ်သူနည်းသွားကြောင်း သိရသည်။

“ဒီနှစ်အလုံး ၂၀၀ လောက်ပဲ လုပ်ရမယ်မှန်းတယ်။ ဘာလို့လဲဆိုတော့ နောက်တစ်ပတ်လောက်၊ အလွန်ဆုံး ၁၀ရက်လောက်ပဲ ရောင်းရက်ရှိတော့တာပါ။ မုံရွာမှာ အရင်က မီးပလုံးလေးတွေလုပ်တာ ၄ဦး၊ ၅ဦးလောက်ရှိတယ်။ ဒီနှစ် တစ်ဦးမှကို မလုပ်တော့တာပါ။ ကျမတို့ကသာ အိမ်လက်ဖြစ်မို့ လုပ်လိုက်တာပါ။ စျေးမကိုက်လို့ မလုပ်နိုင်ကြတာပါ။ ခေတ်ကောင်းရင် မီးပလုံးလုပ်ငန်းကောင်းမှာပါ။ အခုက တရုတ်မီးပုံးတွေက အစားထိုးဝင်လာတာဆိုတော့ ဗမာမီးပုံးလေးတွေ ပျောက်ကွယ်သွားမှာ စိုးမိတယ်”ဟု မစုထွေးအောင် ကပြောသည်။

တရုတ်မီးပုံးများသည် စျေးလည်းသင့်၊ သုံး၍လည်းဖြစ်ပြီး ဗမာမီးပုံးများ လုပ်ရသည်မှာ လက်ဝင်ခြင်း၊ စျေးတက်ခြင်းများကြောင့် တချို့က ဝယ်မကိုင်နိုင်ကြတော့ပဲ ပေါပေါပဲပဲ ဝယ်သုံးနိုင်သော တရုတ်မီးပုံးများသာ ဝယ်ယူနေကြကြောင်းသိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/28/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%9e%e1%80%ae%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%bd%e1%80%90%e1%80%ba%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 24, 2022 12:05 下午
下一篇 9月 28, 2022 9:05 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....