“တရုတ်-မြန်မာချစ်ကြည်ရေးပညာသင်ဆု”ပေးအပ်

ယဉ်ကျေးမှုနှင့် အနုပညာ ဘာသာရပ်အထူးပြု ကျောင်းသားကျောင်းသူများကို ပထမဆုံးအကြိမ် “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” ပေးအပ်

“တရုတ်-မြန်မာချစ်ကြည်ရေးပညာသင်ဆု”ပေးအပ်

၂၀၂၂ ခုနှစ် တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ တောင်ဒဂုံမြိုနယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၌ စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက်ရှိ ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များနှင့် အနုပညာအထက်တန်းကျောင်းများတွင် ပညာဆည်းပူး နေကြသော ထူးချွန်ကျောင်းသား ကျောင်းသူ ၅၅ ဦးကို ပညာရည်ချွန်ဆုချီးမြှင့်ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှု သံမှူးကြီး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ပညာရည်ချွန်ဆုရ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ ပညာရည်ချွန်ဆုချီးမြှင့်မှုသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် အနုပညာလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးအတွက် လိုအပ်နေသည့် ထူးချွန်လူငယ်များ မွေးထုတ်ပေးမှုကို ထောက်ပံ့အားပေးမှုဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ရှိရင်းစွဲခင်မင်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်-မြန်မာချစ်ကြည်ရေးပညာသင်ဆု”ပေးအပ်“တရုတ်-မြန်မာချစ်ကြည်ရေးပညာသင်ဆု”ပေးအပ်

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ယခုပညာသင်ဆု ပေးပွဲအခမ်းအနားသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံမှ ယဉ်ကျေးမှုနှင့် အနုပညာ ဘာသာရပ်အထူးပြု ကျောင်းသား ကျောင်းသူများကို ပထမဆုံးအကြိမ် “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” အထူးပေးအပ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံယဉ်ကျေးမှုလုပ်ငန်း ဖွံဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အမွေဆက်ခံရေးအတွက် အရေးပါသည့်ခွန်အားများ ဖြစ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအတူတကွ ကြိုးပမ်းဆောင်ရွက်မှုဖြင့် အေးအတူပူအမျှအသိုက်အဝန်းအတူ တည်ဆောက်ရေးလမ်းကြောင်းသည် ပိုမိုကျယ်ပြန့်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/28/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%81%e1%80%bb%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%9b%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 28, 2022 9:06 下午
下一篇 9月 28, 2022 9:07 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....