ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်- မန္တလေးသွားကားလမ်း၊ အောင်ချမ်းသာကျေးရွာအနီးတွင် စက်တင်ဘာလ ၂၂ ရက် မွန်းလွဲ၁နာရီခန့်က ၆ဘီးမော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသော ငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်- မန္တလေးသွားကားလမ်း၊ အောင်ချမ်းသာကျေးရွာအနီးတွင် စက်တင်ဘာလ၂၂ရက် မွန်းလွဲ၁နာရီခန့်က မိုးကုတ်မှ ပြင်ဦးလွင်ဘက်သို့ ထွန်းနိုင်ဦး(ခ)ထွန်းနိုင် မောင်းနှင်ပြီး လှမြင့် လိုက်ပါလာသည့် Canter ၆ ဘီး မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် နာနတ်သီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို သိမ်း ဆည်းရမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးချက်အရ မွန်းလွဲ ၂ နာရီအချိန် ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် ဘိန်းဖြူများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မခင်အေးဝိုင်း(ခ)ခင်ဝိုင်းအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်း ရမိဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘိန်းဖြူများအား သယ်ဆောင်ရာတွင် ပါဝင်သူများဖြစ်သော ထွန်းနိုင်ဦး(ခ)ထွန်းနိုင်၊လှမြင့်နှင့် ခင်အေးဝိုင်း(ခ)ခင်ဝိုင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/28/%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%a6%e1%80%b8%e1%80%9c%e1%80%bd%e1%80%84%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 28, 2022 9:07 下午
下一篇 10月 4, 2022 6:00 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....