ဗိုလ်တထောင်စေတီတော်Polycarbonateတပ်ဆင်လှူဒါန်းမှု

ဗိုလ်တထောင်စေတီတော် ဆံတော်တိုက်ပတ်လည် Polycarbonate တပ်ဆင်လှူဒါန်းမှု လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကျင်းပ

ဗိုလ်တထောင်စေတီတော်Polycarbonateတပ်ဆင်လှူဒါန်းမှု

ရန်ကုန်မြို့ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆံတော်တိုက်လုံခြုံရေးမှန်တံခါး တပ်ဆင်ခြင်းနှင့် ဆံတော်တိုက်ပတ်လည်ရွှေချထားသည့် နံရံများ၌ Polycarbonate တပ်ဆင်လှူဒါန်း လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဆာဦးသွင်တန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr.Chen Hai က လှူဒါန်းမှုနှင့် ပတ်သက်၍ တရုတ်-မြန်မာနှစ်နိုင်ငံ ကြာရှည်လှသည့် ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုသည် နှစ်နိုင်ငံ ပထဝီတည်နေရာနီးစပ်ပြီး ပြည်သူများရင်းနှီး ချစ်ကြည်၍ ယဉ်ကျေးမှုတူညီသော အစိတ်အပိုင်း တစ်ခုဖြစ်လာကာ တရုတ်-မြန်မာခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးသည့်အနှစ်သာရ ဂုဏ်ရောင်ကို တိုးပွားစေကြောင်း၊ ဆံတော်တိုက်တွင် လုံခြုံရေးမှန်များ တပ်ဆင်ခြင်းဖြင့် နှစ်နိုင်ငံ ဗုဒ္ဓရေစက် ဓမ္မ သံယောဇဉ်ကို အမွေဆက်ခံပြန့်ပွားအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရုတ်-မြန်မာ အသိုက်အဝန်း တည်ဆောက်ရေးအတွက်ကြီးမားသော အကျိုးထမ်းဆောင်မှုအသစ်များ ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဗိုလ်တထောင်စေတီတော်Polycarbonateတပ်ဆင်လှူဒါန်းမှုဗိုလ်တထောင်စေတီတော်Polycarbonateတပ်ဆင်လှူဒါန်းမှုဗိုလ်တထောင်စေတီတော်Polycarbonateတပ်ဆင်လှူဒါန်းမှုဗိုလ်တထောင်စေတီတော်Polycarbonateတပ်ဆင်လှူဒါန်းမှု

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တရုတ်သံရုံး၏ ပါဝင်လှူဒါန်းမှုများနှင့်အတူ ရွှေသံလွင်ကုမ္ပဏီလီမိတက်က စေတီတော်ဂေါပကအဖွဲနှင့် ညှိနှိင်းပူးပေါင်းကူသိုလ်ယူ ဆောင်ရွက်ပေးခဲ့ကြသဖြင့် လုပ်ငန်းများသတ်မှတ်ချိန်အတွင်း ပြီးစီးခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုဆိုင်ရာများ ထွန်းကားပြန့်ပွားစေရေး ဆောင်ရွက်ကြရင်း ရှေးယခင်ကတည်းကရှိခဲ့သည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက်တည်တံ့ခိုင်ခံ့အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပေကျင်း Ling Guang Si ဘုရား ကျောင်းဆရာတော် Chi Chang Cang က တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအဓွန့်ရှည်ရေး ဆုတောင်းစကား ပြောကြားသည်။

ထို့နောက် လုပ်ငန်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို Ling Guang Si ကျောင်းတိုက် ဆရာတော်ကြီး၏ ကိုယ်စား Mr. LIU YUANLIANG၊ ရွှေသံလွင် ဆောက်လုပ်ရေးကုမ္ပဏီ Managing Director ဒေါ်စန္ဒာဝင်းနှင့် ဗိုလ်တထောင်စေတီတော် အလှည့်ကျ သဘာပတိ ဦးအောင်ကိုဇော်တို့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai တို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လွှဲပြောင်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လုံခြုံရေးမှန်တံခါးကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကာ ဆံတော်တိုက်ကို ဖူးမြော်ကြည်ညိုကြကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/28/%e1%80%97%e1%80%ad%e1%80%af%e1%80%9c%e1%80%ba%e1%80%90%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%b1%e1%80%90%e1%80%ae%e1%80%90%e1%80%b1%e1%80%ac%e1%80%bapolycarbonate%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 28, 2022 9:07 下午
下一篇 9月 28, 2022 9:08 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....