မင်းတုန်းမင်းနတ်ပြည်စံသက်(၁၄၄)နှစ်ပြည့်ဆွမ်းကပ်

ရတနာပုံ မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းတြားကြီး နတ်ပြည်စံသက် (၁၄၄)နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ပြုလုပ်

မင်းတုန်းမင်းနတ်ပြည်စံသက်(၁၄၄)နှစ်ပြည့်ဆွမ်းကပ်

ရတနာပုံ မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းတြားကြီး နတ်ပြည်စံသက် (၁၄၄)နှစ်ပြည့်
မတကဘတ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး တရားနာယူ အမျှဆက်သခြင်းအခမ်းအနားကို စက်တင်ဘာ ၃၀ရက် နံနက် ၁၀နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကုန်းဘောင်ဆက်မောင်နှမများက စီစဉ်မှုပြုကာ ဆွေတော် မျိုးတော်များ၊ မိတ်သင်္ဂဟများစုပေါင်း၍ မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းဖြစ်သည်။ အဆိုပါ မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ၂၀၁၅ခုနှစ်မှ စတင်၍ ပြန်လည်ကျင်းပခဲ့ရာ ယခုနှစ် ၂၀၂၂ခုနှစ်တွင် (၈)နှစ်မြောက် ကျင်းပခြင်းဖြစ်သည်။

“မန္တလေးမြို့အား တည်ထောင်ခဲ့သော ဆွေတော်မျိုးတော်များ၏ ဘိုးဘိုးကြီး၏ ကျေးဇူးများအား တသအောက်မေ့ကာ ဘိုးတော်မင်းကြီး အကြောင်းပြု ဆွေမျိုးတစ်စု တွေ့ဆုံစည်းလုံး ကုသိုလ်ပြုခြင်း ရည်မှတ်၍ နှစ်စဉ်မပြတ်အောင် ကြိုးစား ကျင်းပခြင်းဖြစ်ပါတယ်၊ အလှူအတူပြုကာ သားစဉ်မြေးဆက် ကျေးဇူးဆပ် အမျှဆက်သတာပါ” ဟု ကုန်းဘောင်ဆက်မောင်နှမများမှ ကိုထိပ်တင်အောင်က ပြောသည်။

မင်းတုန်းမင်းနတ်ပြည်စံသက်(၁၄၄)နှစ်ပြည့်ဆွမ်းကပ်မင်းတုန်းမင်းနတ်ပြည်စံသက်(၁၄၄)နှစ်ပြည့်ဆွမ်းကပ်

အဆိုပါ လှူဒါန်းခြင်းအစီအစဉ်တွင် စက်တင်ဘာ ၃၀ရက် နံနက်ပိုင်း၌ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး ရေစက်ချတရားနာယူ ကြည်ညို အမျှ ဆက်သခြင်း နှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ပြုလုပ်ခဲ့သည်။

ထို့အပြင် မဟာဓမ္မိကာရာမကျောင်းတိုက်ရှိ သံဃာ၊ သာမဏေ (၅၅)ပါးကို ဆွမ်းဆက်ကပ်ခြင်း၊ မန္တလေးမြို့ လေးပြင် လေးရပ်မှ ဆရာတော်ကြီး (၁၀)ပါး နှင့် ရွှေကျင်တိုက်မ ဆရာတော်ဘုရား (၁)ပါး၊ ရွှေကျင်တိုက်မ သံဃာ (၃၃) ပါး၊ ရွှေကျင်တိုက်မ သာမဏေ (၂၁) ပါး စုစုပေါင်း သံဃာတော် (၆၅) ပါး တို့အား သင်္ကန်း၊ လှူဖွယ်ပစ္စည်းများ နှင့် နဝကမ္မများ လှူဒါန်းခဲ့သည်။

စက်တင်ဘာ ၂၉ရက် နံနက်ပိုင်းက မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး ဆွမ်းဆက်ကပ်လှူဒါန်းခြင်း နှင့် ညနေပိုင်း မင်းတုန်းမင်းတြားကြီးအုတ်နန်းပြသာဒ် မီးပူဇော်၊ ပင့်ဖိတ်လျှောက်ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/04/%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%85%e1%80%b6/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 4, 2022 6:00 下午
下一篇 10月 4, 2022 6:12 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....