ထူးချွန်ကျောင်းသားကျောင်းသူ၄၄ဦးပညာရည်ချွန်ဆုရ

တရုတ်နိုင်ငံ၏ နာမည်ကြီး အဆင့်မြင့်တက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့သည့် မြန်မာထူးချွန်ကျောင်းသားကျောင်းသူ ၄၄ ဦး ယခုနှစ်အတွက် ပညာရည်ချွန်ဆု ရရှိ

ထူးချွန်ကျောင်းသားကျောင်းသူ၄၄ဦးပညာရည်ချွန်ဆုရ

စက်တင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် “၂၀၂၂ ခုနှစ် တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆု” ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို အွန်လိုင်းမှတစ်ဆင့် ကျင်းပရာ တရုတ်နိုင်ငံတွင် ပညာသင်ယူမှု ပြီးမြောက်ခဲ့သည့် မြန်မာထူးချွန်ကျောင်းသားကျောင်းသူ ၄၄ ဦးသည် ယခုနှစ် ပညာရည်ချွန်ဆုကို ရရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ယဉ်ကျေးမှုသံမှူး Mr. Pan Feng တက်ရောက်၍ အမှာစကားပြောကြားရာ
တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ရှည်လျားသောသမိုင်းကြောင်း ရှိကြောင်း၊ ပြည်သူချင်း အေးအတူပူအမျှ ချစ်ခင်ရင်းနှီးစွာ ထိတွေ့ဆက်ဆံကြပြီး ယဉ်ကျေးမှု၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တည်ငြိမ်စွာ မြှင့်တင်ဖော်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအစိုးရပညာသင်ဆု၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံမှ ပညာသင်ကျောင်းသားကျောင်းသူ ထောင်နှင့်ချီသည် တရုတ်နိုင်ငံ၌ ပညာသင်ယူမှု ပြီးမြောက်ခဲ့ပြီး တရုတ်-မြန်မာ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးထမ်းရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထူးချွန်ကျောင်းသားကျောင်းသူ၄၄ဦးပညာရည်ချွန်ဆုရ

မြန်မာကျောင်းသားကျောင်းသူများ၏ ဇွဲလုံ့လဝီရိယရှိမှုကို သံမှူး Mr. Pan Feng က အပြည့်အဝ အသိအမှတ်ပြုပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၏ ကျောရိုးမဏ္ဍိုင်နှင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အားကောင်းစွာ မြှင့်တင်သူ၊ ထိန်းသိမ်းစောင့်ရှောက်သူ ဖြစ်လာစေရန် အားပေးတိုက်တွန်းခဲ့သည်။

ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသားကျောင်းသူကိုယ်စားလှယ်က တရုတ်နိုင်ငံသို့သွားရောက် ပညာသင်ကြားသည့် မြန်မာကျောင်းသားကျောင်းသူများကို တရုတ်သံရုံးမှ ပံ့ပိုးကူညီမှုနှင့် အားပေးမှုများ ပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်တွင် တရုတ်-မြန်မာဆက်ဆံရေး ချစ်ကြည်ရင်းနှီးစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါအခမ်းအနား၌ ၂၀၂၂ ခုနှစ်တွင် Peking University ၊ Beijing Foreign Studies University ၊ Central China Normal University စသည့် တရုတ်နိုင်ငံ၏ နာမည်ကြီး အဆင့်မြင့်တက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့သည့် မြန်မာထူးချွန်ကျောင်းသားကျောင်းသူ ၄၄ ဦးအား ယခုနှစ် ပညာရည်ချွန်ဆု ပေးအပ်ခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/04/%e1%80%91%e1%80%b0%e1%80%b8%e1%80%81%e1%80%bb%e1%80%bd%e1%80%94%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%bb%e1%80%b1%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 28, 2022 9:08 下午
下一篇 10月 4, 2022 6:08 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....