ပုဂံတွင်ဖွင့်လှစ်လျက်ရှိသည့် နေ့စဉ်သုံးတရုတ်စကားပြောသင်တန်းမှ သင်တန်းသားများအား ပြည်ထောင်စုဝန်ကြီး တွေ့ဆုံအမှာစကားပြော
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ပုဂံမြို့ရှိ ရွိုင်ရယ်ပဲလေ့စ် ဟိုတယ်တွင်ဖွင့်လှစ်သင်ကြားနေသည့် နေ့စဉ်သုံးတရုတ်ဘာသာ စကားပြောသင်တန်းတွင် တက်ရောက်လျက်ရှိကြသော ပုဂံမြို့ရှိဌာနဆိုင်ရာဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များအား တွေ့ဆုံ၍အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေမည့် အဆိုပါ နေ့စဉ်သုံးတရုတ်ဘာသာ စကားပြောသင်တန်းသည် မြန်မာ – တရုတ် ချစ်ကြည်ရေးအသင်း၊ ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းဌာနနှင့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပုဂံဇုံ) တို့ ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာခရီးသွားများ လာရောက်လည်ပတ်သောအခါ ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းများ၊ ဘာသာစကားသင်တန်းများကို ခရီးစဉ်ဒေသ အသီးသီးအတွက် ဖွင့်လှစ်ပို့ချခြင်းတို့ကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကျားကြီး
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/04/%e1%80%95%e1%80%af%e1%80%82%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%96%e1%80%bd%e1%80%84%e1%80%b7%e1%80%ba%e1%80%9c%e1%80%be%e1%80%85%e1%80%ba%e1%80%9c%e1%80%bb%e1%80%80%e1%80%ba%e1%80%9b/