ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းနေ

ပြည်တွင်းရွှေဈေး၊ ဒေါ်လာဈေးကျဆင်းမှုနှင့်အတူ ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းနေ

ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းနေ

စက်တင်ဘာလကုန်ပိုင်းရက်များတွင် ပြည်တွင်းရွှေဈေး သိသိသာသာကျဆင်းနေသကဲ့သို့ ဒေါ်လာ ငွေလဲလှယ်နှုန်းမှာလည်း ကျဆင်းနေရာ စံချိန်တင်အမြင့်ဈေးများ ရောက်ရှိထားသည့် ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး လိုက်ပါဈေးကျဆင်းနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) ကပြောသည်။

လက်ရှိတွင် ပြည်တွင်းက ပဲလက်ကျန်များလည်း နည်းနေပြီး အသစ်ဝင်ရောက်နေသည့် မြေပဲဆန်မှာလည်း ဈေးကွက်အနည်းငယ် ဆက်လက်ကျဆင်းနေသေးကြောင်း သိရသည်။

“ပဲနှမ်းဈေးကွက်တစ်ခုလုံး  အရောင်းအဝယ် အေးနေပါတယ်။ ပြည်တွင်းသုံးကုလားပဲ အုပ်စုဝင် ပဲတွေက သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၂၀၀၀၀ကျော် ဈေးကျဆင်းသွားတယ်။ ပို့ကုန်ပဲတွေလည်း ဈေးတွေကျဆင်း လာပါတယ်။ အသစ်ဝင်မြေပဲဆီဆန် တစ်ပိဿာ ငွေကျပ် ၅၂၀၀ ခန့် သာပေါက်ဈေးရှိပြီး အနီလုံးဆန်က တစ်ပိဿာ ငွေကျပ် ၅၄၀၀ခန့် သာ ပေါက်ဈေးရှိတော့တယ်။ နှမ်းမျိုးစုံဈေးကွက်လည်း အေးနေပါတယ်။ စက်တင်ဘာလကုန်ပိုင်း ရက်တွေမှာ ငွေဈေး၊ရွှေဈေးတွေ က အကျဘက်သွားနေတော့ ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံးလည်း လိုက်ပါကျဆင်းနေခြင်း ဖြစ်ပါ တယ်။ ပဲမာလိုင်းတွေကလည်း လက်ကျန်ပစ္စည်း နည်းလာပါပြီ” ဟု ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) ကပြောသည်။

ရွှေဈေး အတက်အကျ မြန်ဆန်နေသည့် စက်တင်လဘာလကုန်ပိုင်းရက်များတွင် ပို့ကုန်ပဲများ အဝယ်အေးသွားခဲ့ရာ  စက်တင်ဘာ ၃၀ ရက်တွင်  မတ်ပဲ တစ်အိတ် ငွေကျပ် ၁၉၂၀၀၀-၁၉၅၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေ ကျပ် ၂၀၀၀၀၀လသာ ပေါက်ဈေး ရှိနေပြီး ပဲတီစိမ်းအညာမှာ သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၃၅၀၀၀-၁၅၅၀၀၀သာ ပေါက်ဈေးရှိသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/04/%e1%80%95%e1%80%b2%e1%81%8a%e1%80%94%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%88%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%81%e1%80%af%e1%80%9c%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 4, 2022 6:08 下午
下一篇 10月 4, 2022 6:13 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....