မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ (၅၅.၈)သန်း ရှိကြောင်း ထုတ်ပြန်
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၁)ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅.၈ သန်း ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
အဆိုပါခန့်မှန်းလူဦးရေမှာ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူထားသော လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်ပြီး နှစ်စဉ်ထုတ်ပြန်ခြင်းလည်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေ(၈.၉)သန်းဖြင့် လူဦးရေ အများဆုံးဖြစ်ပြီး ကယားပြည်နယ်သည် လူဦးရေ (ဝ.၃ သန်း)ဖြင့် လူဦးရေအနည်းဆုံး ပြည်နယ်တစ်ခုဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် လူဦးရေ (၆.၇)သန်းဖြင့် ဒုတိယအများဆုံးနေရာက ရပ်တည်နေကာ ဧရာဝတီတိုင်းဒေသကြီးက (၆.၃)သန်းဖြင့် တတိယနေရာတွင် ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ်တွင် ခန့်မှန်း လူဦးရေ စုစုပေါင်း (၅၅.၃)သန်းရှိခဲ့ရာမှ ယခုနှစ်တွင် (၅၅.၈)သန်းအထိ ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထုတ်ပြန်ခြင်းဖြစ်သည်။
ကိုခန့်
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/04/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%81%8f-%e1%80%81%e1%80%94%e1%80%b7%e1%80%ba%e1%80%99%e1%80%be%e1%80%94%e1%80%ba/