ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ဦးခင်ရီ ပါတီဥက္ကဋ္ဌ ဖြစ်လာ

ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ဦးခင်ရီ ပါတီဥက္ကဋ္ဌ ဖြစ်လာ

ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ဦးခင်ရီ ပါတီဥက္ကဋ္ဌ ဖြစ်လာ

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၌ အောက်တိုဘာ ၅ ရက်နေ့က ကျင်းပခဲ့သော တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) ဒုတိယနေ့တွင် ပါတီဗဟိုအလုပ်အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ခဲ့ပြီး ဦးခင်ရီ သည် ပါတီဥက္ကဋ္ဌအသစ် ဖြစ်လာခဲ့ကြောင်း သိရသည်။

“ဒီကနေ့ပြုလုပ်တဲ့ ပါတီညီလာခံ ဒုတိယနေ့မှာ ဗဟိုအလုပ်အမှုဆောင်သစ်တွေ ရွေးချယ်ခဲ့ပြီး ဦးခင်ရီ က ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ဒုတိယဥက္ကဋ္ဌတွေက အရင်အတိုင်းပဲ ဦးမြတ်ဟိန်းနဲ့ ဦးလှထွန်းပါ။ တွဲဖက်အထွေထွေအတွင်းရေးမှူးက ဦးတင်အောင်ချစ် ဖြစ်ပါတယ်” ဟု ဗဟိုကော်မတီဝင်တစ်ဦး က ပြောသည်။

ဥက္ကဋ္ဌသစ် ဖြစ်လာသူ ဦးခင်ရီသည် ယခင်က ရဲချုပ်နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပါတီဝင်များ၏လုံခြုံရေးနှင့် ပါတီရွေးကောက်ပွဲ အောင်နိုင်ရေးကို ဦးဆောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌအဖြစ် ရွေးချယ်အပြီး မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ဦးခင်ရီ ပါတီဥက္ကဋ္ဌ ဖြစ်လာကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ဦးခင်ရီ ပါတီဥက္ကဋ္ဌ ဖြစ်လာကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ဦးခင်ရီ ပါတီဥက္ကဋ္ဌ ဖြစ်လာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂)ကို အောက်တိုဘာ ၄ရက်မှ ၆ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ (၅)ရက် မွန်းလွဲ ၂ နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) သတင်းစာရှင်းလင်းပွဲကို ပါတီဌာနချုပ်၊ သင်တန်းကျောင်းရှိ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဗဟိုအလုပ် အမှုဆောင် ဦးပိုက်ထွေးနှင့် ဦးသောင်းအေး တို့ တက်ရောက်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/06/%e1%80%80%e1%80%bc%e1%80%b6%e1%80%b7%e1%80%81%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%95%e1%80%ab%e1%80%90%e1%80%ae-%e1%80%97%e1%80%9f%e1%80%ad%e1%80%af%e1%80%a1%e1%80%9c/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 6, 2022 8:33 下午
下一篇 10月 11, 2022 9:24 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....