စပါးအစွမ်းဖွင့်စိုက်နည်းစနစ်ကို လိုက်နာစိုက်ပျိုးရန် တောင်သူများအားတိုက်တွန်း

စပါးအစွမ်းဖွင့်စိုက်နည်းစနစ်ကို လိုက်နာစိုက်ပျိုးရန် တောင်သူများအားတိုက်တွန်း

စပါးအစွမ်းဖွင့်စိုက်နည်းစနစ်ကို လိုက်နာစိုက်ပျိုးရန် တောင်သူများအားတိုက်တွန်း

စပါးအစွမ်းဖွင့်စိုက်နည်းစနစ် (System Of Rice Intensification-SRI)ကို တောင်သူအများစု သိကြသော်လည်း လိုက်နာစိုက်ပျိုးမှု တော်တော်နည်းနေသဖြင့် လိုက်နာစိုက်ပျိုးကြရန် တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ တိုက်တွန်းလျက်ရှိကြောင်းသိရသည်။

“တောင်သူအတော်များများက နည်းစနစ်ကို သိကြပေမယ့် လိုက်နာလုပ်ဆောင်ကြတာ တော်တော်နည်းတယ်။ တောင်သူအများစုက ရာသီဥတုပြောင်းလဲစေတာတို့၊ ကိုယ့်မြေပျက်ဆီးစေတာတွေကို သိပ်မစဥ်းစားဘူး။ နောက်တစ်သီးစိုက်ဖို့ ရိုးပြတ်တွေရှည်တယ်ဆိုပြီး မီးရှို့ပစ်တာတွေ၊ ပြောင်အောင်ရှို့ကြတာကို တောင်သူတွေအနေနဲ့ ကျင့်သုံးနေတုန်းဆိုတော့ လောလောဆယ် တားနေရတာပေါ့”ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးအောင်ကြည်ဝင်း ကပြောသည်။

စပါးအစွမ်းဖွင့် (System Of Rice Intensification – SRI) ဆိုသည်မှာ စပါးတွင်ရှိနေသည့် အစွမ်းအားလုံးကို ပွင့်လာအောင် စပါးပင်၏ အကြိုက်ဆုံးအခြေအနေများပေးပြီး စိုက်ပျိုးခြင်းကို ဆိုလိုခြင်းဖြစ်သည်။ စပါးပင်အကြိုက်ဆုံး ရေ၊ မြေ၊ ပတ်ဝန်းကျင်အခြေအနေများ ပေးလိုက်သည့်အတွက် စပါးပင်သည် သူ့၏ဗီဇအစွမ်းရှိသလောက် အပင်ကြီးထွားနိုင်သလောက် ကြီးထွား၊ ပင်ပွားများ ထွက်နိုင်သလောက်ထွက်၊ အနှံများ ဖြစ်နိုင်သမျှဖြစ်၊ အသီးများ သီးနိုင်သမျှသီး၍ ဗီဇအစွမ်းရှိသလောက် ထွက်အောင် လုပ်ဆောင်စိုက်ပျိုးသည့် နည်းစနစ်ဖြစ်သည်။

စပါးအစွမ်းဖွင့်စိုက်နည်းစနစ်ကို လိုက်နာစိုက်ပျိုးရန် တောင်သူများအားတိုက်တွန်း

“အစွမ်းဖွင့်နဲ့ စိုက်တဲ့တောင်သူ မများသေးဘူး။ လယ်နီးချင်းတောင်သူတွေတောင် မစိုက်ကြဘူး။ မိရိုးဖလာပဲ ကြဲကြစိုက်ကြတာပဲ ရှိပါသေးတယ်။ ရေမြုပ်စိုက်နေတုန်းပေါ့ဗျာ။ အစွမ်းဖွင့်နဲ့စိုက်တာ မိရိုးဖလာစိုက်တာထက် ပိုထွက်ပါတယ်” လို့ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့က စပါးစိုက်တောင်သူ ကိုမျိုးဝင်း ကပြောသည်။

ကိုမျိုးဝင်းအနေဖြင့် ယခင်မိရိုးဖလာစိုက်စဥ်က ဧရာမင်းနှင့်ပေါ်ဆန်းစပါး ၉ဧကစိုက်ရာ တင်း၅၀၀ခန့် ထွက်ခဲ့ပြီး ယခု SRI နည်းဖြင့် ၄ဧကစိုက်ရာ ဧရာမင်းကို ပြီးခဲ့သည့်ဆောင်းရာသီ ရိတ်စဥ်က မျိုးစေ့ထုတ်သန့်စင်ပြီး တစ်ဧက ၉၅ တင်းထွက်ပြီး ပေါ်ဆန်း တစ်ဧက ၈၅တင်းထွက်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/06/%e1%80%85%e1%80%95%e1%80%ab%e1%80%b8%e1%80%a1%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%96%e1%80%bd%e1%80%84%e1%80%ba%e1%80%b7%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%94%e1%80%8a/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 4, 2022 6:16 下午
下一篇 10月 6, 2022 8:33 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....