စက်သုံးဆီဈေးနှုန်းများ အနည်းငယ် ပြန်လည်မြင့်တက်လာ
ပြီးခဲ့သည့်လကုန်ရက်များက စက်သုံးဆီဈေးနှုန်းများသည် ကျပ်၂၀၀၀ အောက်သို့ ရောက်ရှိခဲ့သော်လည်း ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းများသည် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာမှုကြောင့် အနည်းငယ် မြင့်တက်လာပြီး 92RON တစ်လီတာလျှင် ၂၀၀၀ ကျပ်ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ အချက်အလက်များအရ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီ အမျိုးအစားများအလိုက် ပုံမှန် စိစစ်တင်သွင်း ဆောင်ရွက်လျက်ရှိရာ စက်သုံးဆီ လက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းမှုအခြေအနေအရ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT YU DONG သင်္ဘောမှ ဓာတ်ဆီ 92 Ron (၀.၀၂) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၂.၈၀) ဂါလန်သန်းကို လည်းကောင်း၊ MT Bowmore သင်္ဘောမှ ဓာတ်ဆီ 92 Ron (၀.၁၄) ဂါလန် သန်းကိုလည်းကောင်း ဆီချလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပရီမီယံဒီဇယ်ဆီ (၂.၉) ဂါလန်သန်း တင်ဆောင်လာသည့် MT Aulac Vision သင်္ဘောနှင့် ရိုးရိုးဒီဇယ်ဆီ (၁.၆) ဂါလန်သန်းနှင့် ပရီမီယံ ဒီဇယ်ဆီ (၁.၈၆) ဂါလန်သန်း တင်ဆောင်လာသည့် MT Yu Yi သင်္ဘောများသည်လည်း ထပ်မံဆိုက် ကပ်လာပြီး ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကောင်းကောင်း
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/11/%e1%80%85%e1%80%80%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%ae%e1%80%88%e1%80%b1%e1%80%b8%e1%80%94%e1%80%be%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/