တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၂) နှစ်ပြည့် အထိမ်းအမှတ် ဖန်တီးမှုပြိုင်ပွဲ ဆုရသူများ ဆုချီးမြှင့်

တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၂) နှစ်ပြည့် အထိမ်းအမှတ် ဖန်တီးမှုပြိုင်ပွဲ ဆုရသူများ ဆုချီးမြှင့်

တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၂) နှစ်ပြည့် အထိမ်းအမှတ် ဖန်တီးမှုပြိုင်ပွဲ ဆုရသူများ ဆုချီးမြှင့်

တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၂) နှစ်ပြည့် အထိမ်းအမှတ် “ကျွန်ုပ်တို့အားလုံးမိသားစုတွေပါ” အမည်ရှိ ဖန်တီးမှုပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ ၂၈ ရက် နံနက် ၉နာရီက အွန်လိုင်း (Zoom meeting)ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲကို တရုတ်-မြန်မာ ပြည်သူများ၊ အထူးသဖြင့် လူငယ်မျိုးဆက်သစ်များအကြား တရုတ်-မြန်မာ ချစ်ကြည်ရေး အကြောင်းအရာများကို အတူတကွပြောဆိုပြီး၊ တရုတ်-မြန်မာချစ်ကြည်ရေးအသံများ မြှင့်တင်ရင်း၊ ခေတ်အဆက်ဆက်လက်ဆင့်ကမ်းခဲ့သည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက် မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲကို အပိုင်းလေးပိုင်းရှိ သိုသို၏အချစ်ဇာတ် ဝတ္ထုကိုကျောရိုးယူ၍ ဖန်တီးမှုပညာရှင်၊ သရုပ်ဖော်ပန်းချီပညာရှင်၊ နောက်ခံစကားပြောပညာရှင်၊ အဓိကမှတ်သားဖွယ်ရာဝါကျရွေးချယ်ခြင်း ဟူ၍ ကဏ္ဍလေးခု ခွဲကာ ယှဉ်ပြိုင်စေခဲ့ရာ နှစ်နိုင်ငံ နိုင်ငံသား တစ်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၂) နှစ်ပြည့် အထိမ်းအမှတ် ဖန်တီးမှုပြိုင်ပွဲ ဆုရသူများ ဆုချီးမြှင့်တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၂) နှစ်ပြည့် အထိမ်းအမှတ် ဖန်တီးမှုပြိုင်ပွဲ ဆုရသူများ ဆုချီးမြှင့်

ကဏ္ဍတစ်ခုချင်းအလိုက် ဆုရွေးချယ်ပေးခဲ့ရာတွင် ဖန်တီးမှုပညာရှင်ဆုရှင်များအဖြစ် ရွှေတံဆိပ်ဆု ဆုသက်မှူး၊ ငွေတံဆိပ်ဆု 叶星 ၊ ကြေးတံဆိပ်ဆုရှင်များအဖြစ် သင်းသင်းခိုင်နှင့် 郑庆丽 တို့ကလည်းကောင်း၊ သရုပ်ဖော်ပန်းချီပညာရှင်များအဖြစ် ရွှေတံဆိပ်ဆု အောင်လွင်ဦး၊ ငွေတံဆိပ်ဆု 郑凯禧 ၊ ကြေးတံဆိပ်ဆုရှင်များအဖြစ် အောင်ကျော်ထွန်းနှင့် 吴可青 တို့ကလည်းကောင်း၊ နောက်ခံစကားပြောပညာရှင်များအဖြစ် ရွှေတံဆိပ်ဆု ယဉ်မျိုးအေး၊ ငွေတံဆိပ်ဆု အောင်မျိုးထွန်းကျော်၊ ဖြိုး၊ ကြေးတံဆိပ်ဆုရှင်များအဖြစ် 程颖慧 နှင့် 严天赐 တို့ကလည်းကောင်း၊ အဓိကမှတ်သားဖွယ်ရာဝါကျရွေးချယ်ခြင်းကဏ္ဍအတွက် ရွှေတံဆိပ်ဆု ဖြိုးအိလွင်၊ ငွေတံဆိပ်ဆု 郝雪妮 ၊ ကြေးတံဆိပ်ဆုရှင်များအဖြစ် 王天宝 ၊ 奚富双 နှင့် 杨菊馨 တို့ကလည်းကောင်း အသီးသီး ရရှိခဲ့ကြကြောင်းသိရသည်။

ကဏ္ဍလေးခုထဲမှ အနာဂတ်ကြယ်ပွင့်ဆုကို သီးသန့်ရွေးချယ်ပေးခဲ့ရာတွင် 罗家茂 ကရရှိခဲ့သည်။ ထို့အပြင် ကဏ္ဍတစ်ခုချင်းဆီမှ အထူးဆု အယောက် (၂၀)ဆီကိုလည်း ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးအခြေစိုက်တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ဒုတိယကောင်စစ်ဝန်ချုပ် Zhang Wei ၊ China Media Group အာရှ-အာဖရိကမီဒီယာစင်တာ မြန်မာဘာသာဌာနမှ Xin Tian ၊ ပြိုင်ပွဲဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ ဧည့်သည်တော်များ စုစုပေါင်း ၁၂၀ တက်ရောက်ခဲ့ကြောင်းသိရသည်။

တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၂) နှစ်ပြည့် အထိမ်းအမှတ် “ကျွန်ုပ်တို့အားလုံးမိသားစုတွေပါ” အမည်ရှိ ဖန်တီးမှုပြိုင်ပွဲကို မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၊ China Media Group အာရှ-အာဖရိကမီဒီယာစင်တာ မြန်မာဘာသာဌာန၊ Focus on the Future” ထူးချွန်လူငယ်ပညာသင်ဆုစီမံကိန်းအဖွဲ့၊ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်စာပညာရေးမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံရှိ ပင်လယ်ရပ်ခြားတရုတ်နွယ်ဖွားအသင်းအဖွဲ့များ၊ တရုတ်စာပညာရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ နှင့် တရုတ်နိုင်ငံရှိ သက်ဆိုင်ရာ မြန်မာဘာသာစကားအထူးပြု သင်ကြားရေးအဖွဲ့အစည်းများ စသည့်အဖွဲ့အစည်းပေါင်းစုံက တာဝန်ယူ၊ ပံ့ပိုးကူညီ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အောင်မျိုးထွန်းကျော်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/11/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%9e%e1%80%b6%e1%80%90%e1%80%99%e1%80%94%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%86%e1%80%b6/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 11, 2022 9:25 下午
下一篇 10月 11, 2022 9:26 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....