မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာ့တန်းမြင့်ဆန် တင်ပို့မှုစတင်

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာ့တန်းမြင့်ဆန် တင်ပို့မှုစတင်

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာ့တန်းမြင့်ဆန် တင်ပို့မှုစတင်

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်းမြင့်ဆန်များ တင်ပို့မှုကို အောက်တိုဘာလ ၁၁ ရက်တွင် စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သင်္ဘောတင်ပို့မှုသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် နှစ်နိုင်ငံအစိုးရအချင်းချင်း သဘောတူညီထားမှုအရ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ စီစဉ်တင်ပို့ခြင်းဖြစ်သည်။

နှစ်နိုင်ငံသဘောတူညီမှုဖြင့် မြန်မာ့တန်းမြင့်ဆန် တန်ချိန် (၂၁၃၀၀) တန်ကို စတင်တင်ပို့ပြီး ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ကမ်းတွင် ဆိုက်ကပ်ရောက်ရှိနေသော MV VTC Ocean သင်္ဘောဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်သည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာ့တန်းမြင့်ဆန် တင်ပို့မှုစတင်

ယခုနှစ်တွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဦးစီးဌာနတို့အကြား တန်းမြင့်ဆန် ၅ % တန်ချိန် (၂၅၀၀၀၀) စာချုပ် ချုပ်ထားပြီး ယခု MV VTC Ocean သင်္ဘောဖြင့် တင်ပို့မှုသည် အဆိုပါ စာချုပ်အား စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း
Source: MOC

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/11/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%99%e1%80%be-%e1%80%98%e1%80%84%e1%80%ba%e1%80%b9%e1%80%82%e1%80%9c%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 6, 2022 8:33 下午
下一篇 10月 11, 2022 9:25 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....