ကျိုက်ထီးရိုးဘုရား ကင်ပွန်းချောင်းနယ်မြေတွင် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဘုရားဖူးလာပြည်သူ ၃ဦးသေဆုံးခဲ့
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာ၊ ကင်မွန်းစခန်း၊ တောင်တက်ကားဂိတ်အား အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီကျော်က အမည်မသိလက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဘုရားဖူး အမျိုးသမီးသုံးဦး သေဆုံးကာ ဘုရားဖူးပြည်သူ ၁၇ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျိုက်ထို ဆောင်နိုင်ကြီးကျေးရွာဘက်ကနေ ဖိုးဝှီးအမျိုးအစား ကားတစ်စီးနဲ့ ရောက်လာတယ်။ အရှေ့ဘက် ကိုက်ငါးဆယ်အကွာမှာ တောင်တက်လမ်းမပေါ်ကနေပြီးတော့ ၄၀ မမ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်။ ပစ်ခတ်ခဲ့တဲ့ PDF အဖွဲ့က ဆောင်နိုင်ကြီးကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သတင်းရရှိတယ်။ အဲဒီမှာတော့ ဘုရားဖူးပြည်သူ အမျိုးသမီးသုံးဦး သေဆုံးခဲ့တယ်။ ဘုရားဖူးပြည်သူ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ကိုးဦး၊ ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်။ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း Eleven မီဒီယာတွင် ဖော်ပြထားသည်။
ထိမှန်ဒဏ်ရာရရှိသူများအား လူမှုကူညီရေးအသင်းများမှ မော်တော်ယာဉ်များဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကျိုက်ထီးရိုးတောင်တက်လမ်းကိုလည်း ယာယီ ပိတ်ထားခဲ့ကြောင်း သိရသည်။
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/12/%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%91%e1%80%ae%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%98%e1%80%af%e1%80%9b%e1%80%ac%e1%80%b8-%e1%80%80%e1%80%84%e1%80%ba%e1%80%95/