တရုတ်-မြန်မာစွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ

တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် ကျောက်ဖြူမြို့ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ စက်စတင်လည်ပတ်

တရုတ်-မြန်မာစွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ

တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စက်စတင်လည်ပတ်ခြင်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပကြောင်း သိရသည်။

ဖွင့်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ယနေ့ နှစ်နိုင်ငံအကြား လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်သော စီမံကိန်းတစ်ခုအနေဖြင့် ကျောက်ဖြူဓာတ်အားပေးစက်ရုံကို စတင်ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း၊ ဤစက်ရုံမှ ရခိုင်ပြည်နယ်ရှိ ပြည်သူလူထု၏ စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ကျောက်ဖြူသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အရေးပါသောနေရာဖြစ်၍ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ ခေတ်သစ်တွင် တရုတ်နိုင်ငံနှင့် မြန်မာကြား အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံရှိ ကဏ္ဍအားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန်နှင့် မျှဝေခံစားနိုင်၍ တောက်ပသော အနာဂတ်အသိုက်အဝန်းကို ပူးပေါင်းတည်ဆောက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပထဝီအနေအထားအရ အရေးပါသော ရခိုင်ပြည်နယ်မှ နိုင်ငံတော်နှင့် ပြည်သူများ၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရွှေသဘာဝဓာတ်ငွေ့ တစ်ရက်လျှင် ကုဗပေ ၂၂ သန်းအသုံးပြု၍ ၁၃၅ မဂ္ဂါဝပ် စွမ်းအား၊ တစ်နှစ်လျှင် ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၀၀၀ ခန့်ထုတ်လုပ်နိုင်မည့် ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ စက်တပ်ဆင်အင်အားမှာ ၁၅၉ မဂ္ဂါဝပ်ရှိပြီး ကမ္ဘာ့အဆင့်မီ စွမ်းရည်မြင့် ဓာတ်အားပေးစက်များအား တပ်ဆင်အသုံးပြု ထားပါကြောင်း၊ ဤစက်ရုံတွင် စွန့်ပစ်အပူကို ပြန်လည်အသုံးပြုခြင်း၊ မြေအောက်ရေအစား ပင်လယ်ရေကိုသာ အသုံးပြုခြင်း စသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းပညာများကို အသုံးပြုထားပါကြောင်း၊ အဆင့်မြင့်နည်းပညာဖြင့် GIS ခွဲရုံတပ်ဆင်အသုံးပြုထား၍ ဓာတ်အားစနစ် တည်ငြိမ်စိတ်ချရမှုနှင့် စက်ရုံရေရှည် တည်တံ့မှုရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်-မြန်မာစွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံတရုတ်-မြန်မာစွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံတရုတ်-မြန်မာစွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံတရုတ်-မြန်မာစွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ

ကျောက်ဖြူ ၂၃၀ မဂ္ဂါဝပ် ဓာတ်အားခွဲရုံမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် ဓာတ်အားစနစ်အား ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားနိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် လူမှုစီးပွားဘဝ ဖွံဖြိုးစေနိုင်မည့် အရေးပါသော ဓာတ်အားပေးစက်ရုံတစ်ခုဖြစ်သည်ဟု ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျကပြောသည်။

ဆက်လက်ပြီး Power China Resources Co.,Ltd ၏ဥက္ကဋ္ဌက စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရမှုကို ဗွီဒီယိုကွန်ဖရင့်ဖြင့် ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဓာတ်အားပေးစက်ရုံ စက်စတင်လည်ပတ်ခြင်း အခမ်းအနားကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ Power China Resources Co.,Ltd နှင့် Kyauk Phyu Electric Power Co.,Ltd. တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/12/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%85%e1%80%bd%e1%80%94%e1%80%b7%e1%80%ba%e1%80%95%e1%80%85%e1%80%ba%e1%80%a1%e1%80%95%e1%80%b0/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 11, 2022 9:26 下午
下一篇 10月 12, 2022 10:24 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....