ကျပ်၃၀ဘီလီယံကျော်အိုက်စ်ပြင်ဦးလွင်တွင်ဖမ်းဆီးရမိ

ငွေကျပ် ၃၀ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက် တမင်း)နှင့် ကက်တမင်းများ ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိ

ကျပ်၃၀ဘီလီယံကျော်အိုက်စ်ပြင်ဦးလွင်တွင်ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်-ပြင်ဦးလွင်သွားကားလမ်း၊ ဆင်စားကုန်းကျေးရွာအနီးတွင် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၉ နာရီက ၆ဘီးမော်တော်ယာဉ် တစ်စီးမှ ငွေကျပ် ၃၀ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)နှင့် ကက်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်-ပြင်ဦးလွင်သွားကားလမ်း၊ ဆင်စားကုန်း ကျေးရွာအနီးတွင် မိုးကုတ်ဘက်မှ ပြင်ဦးလွင်ဘက်သို့ ငွေအောင် မောင်းနှင်ပြီး မင်းမင်း လိုက်ပါလာသည့် DONGFENG ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေ ကျပ် ၃၀ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တ မင်း) ၁၅၀၀ ကီလိုနှင့် ကက်တမင်း ၁ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသည့် အိုက်စ် နှင့် ကက်တမင်း တို့အား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ရခိုင် ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ အိုက်စ်(မက်သ်အဖက်တမင်း) နှင့်ကက်တမင်းများကို သယ်ဆောင်လာသူများဖြစ်သည့် ငွေအောင်နှင့် မင်းမင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/18/%e1%80%80%e1%80%bb%e1%80%95%e1%80%ba%e1%81%83%e1%81%80%e1%80%98%e1%80%ae%e1%80%9c%e1%80%ae%e1%80%9a%e1%80%b6%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%a1%e1%80%ad%e1%80%af%e1%80%80%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 18, 2022 5:59 下午
下一篇 10月 18, 2022 6:00 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....