Mr. Xi Jinping: တရုတ်ပုံစံ ခေတ်မီမှုသည်

Mr. Xi Jinping: တရုတ်ပုံစံ ခေတ်မီမှုသည်
Source: Chinese Embassy in Myanmar
တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ၌ ကွမ်ရှီးကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးစဉ်တွင် Mr. Xi Jinping က တရုတ်ပုံစံ ခေတ်မီမှုသည် တရုတ်နိုင်ငံတွင် အမြစ်တွယ်နေပြီး တရုတ်နိုင်ငံ၏ လက်တွေ့အခြေအနေနှင့် ကိုက်ညီမှုရှိကြောင်း၊ မိမိတို့သည် နိုင်ငံနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်ပိုင်အင်အား၏ အခြေခံပွိုင့်တွင် အစဉ်အမြဲ ထားရှိပြီး တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ ကံကြမ္မာကို မိမိတို့၏လက်ထဲတွင် စွဲမြဲစွာ ဆုပ်ကိုင်ထားရမည် ဖြစ်ကြောင်း၊ ယုံကြည်မှုကို ခိုင်မာစေ၍ မှန်ကန်သောလမ်းကြောင်းကို လိုက်နာထိန်းသိမ်းကာ ဆန်းသစ်တီထွင်ပြီး ဆိုရှယ်လစ်စနစ်ခေတ်မီနိုင်ငံတော် ဘက်စုံတည်ဆောက်ရေး၏ စာမျက်နှာသစ်ကို ကြိုးပမ်းရေးသားရမည်ဖြစ်ကြောင်း အလေးပေး ပြောကြားပါသည်။
(၁၈) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ ကျင်းပချိန်မှစ၍ မိမိတို့သည် ပြည်သူလူထုကို ခိုင်မာစွာ မှီခိုအားထား၍ စီးပွားရေးကို တည်ငြိမ်စေပြီး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခဲ့ကြောင်း၊ ဆင်းရဲနွမ်းပါးမှုကို အနိုင်ယူတိုက်ဖျက်ခဲ့ပြီး အတော်အသင့်ချမ်းသာသောလူ့အဖွဲ့အစည်းကို တည်ဆောက်ခဲ့ကြောင်း၊ ကပ်ရောဂါကို ထိန်းချုပ်၍ ဘေးအန္တရာယ်များကို ခုခံကာကွယ်ခဲ့ကြောင်း၊ ပြောင်းလဲမှုအခြေအနေများကို ရင်ဆိုင်ခဲ့ပြီး အကျပ်အတည်းများကို ပပျောက်စေခဲ့ကြောင်း၊ ကျော်လွှား၍မရနိုင်ပုံရသည့် အခက်အခဲနှင့် အတားအဆီးများကို တစ်ခုပြီးတစ်ခု ကျော်လွှားတိုက်ဖျက်ခဲ့ပြီး အများအံ့ဩလောက်သည့် လူ့လောက၏ အံ့ဖွယ်များကို တစ်ခုပြီးတစ်ခု ဖန်တီးခဲ့ကြောင်း၊ လက်ရှိတွင် အရေးကြီးဆုံးတာဝန်မှာ ကြိုးစားပမ်းစားလုပ်ဆောင်ရန်ဖြစ်ကြောင်း၊ လက်တွေ့ကျသောခြေလှမ်းများဖြင့် ပါတီ၏ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံမှ ချမှတ်သည့် အဓိကဆုံးဖြတ်ချက်များနှင့် အစီအမံများကို အဆင့်ဆင့်ဆောင်ရွက်ပြီး ရလဒ်များ ပေါ်ထွက်လာစေရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း Mr. Xi Jinping က ပြောကြားပါသည်။
Mr. Xi Jinping: တရုတ်ပုံစံ ခေတ်မီမှုသည်

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/10/21/mr-xi-jinping-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%95%e1%80%af%e1%80%b6%e1%80%85%e1%80%b6-%e1%80%81%e1%80%b1%e1%80%90%e1%80%ba%e1%80%99%e1%80%ae%e1%80%99%e1%80%be%e1%80%af%e1%80%9e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 18, 2022 6:00 下午
下一篇 10月 21, 2022 9:11 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....