ပို့ကုန်ပဲ၊နှမ်းများဈေးကွက်ကောင်းလာမည်မဟုတ်ဟုဆို

ပို့ကုန် ပဲ၊ နှမ်းများအား ကုန်သွယ်ရေးမူဝါဒ မပြောင်းပါက ဈေးကွက်ကောင်းလာမည်မဟုတ်ဟုဆို

ပို့ကုန်ပဲ၊နှမ်းများဈေးကွက်ကောင်းလာမည်မဟုတ်ဟုဆို

ပို့ကုန်ပဲ၊ နှမ်းများအား ကုန်သွယ်ရေးမူဝါဒကို အပြောင်းအလဲ မပြုလုပ်ဘဲ ဆက်လက်ထားရှိပါက ဈေးကွက်ကောင်းလာစရာ မရှိကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။

ပဲ၊ နှမ်းဈေးကွက်မှာ ဒေါ်လာ ဖြင့်သာ တင်ပို့ရောင်းချရန် သတ်မှတ်ထားရှိခဲ့ပြီးနောက် ပဲ၊ နှမ်းဈေးကွက်မှာ ဒေါ်လာဈေး အတက်အကျပေါ်မှီတည်ပြီး အရောင်းအဝယ် ပြုလုပ်လာခဲ့ခြင်းကြောင့် ပဲ၊ နှမ်း ဈေးကွက်မှာ အရောင်းအဝယ်အေးသွားခဲ့ကာ ပို့ကုန် ပဲ၊ နှမ်းများ ဈေးကျဆင်းနေခြင်းဖြစ်၍ ပို့ကုန်မူဝါဒ ပြောင်းလဲရန် လိုအပ်ကြောင်း ပဲကုန်သည်များက သုံးသပ်ပြောကြားသည်။

“ပဲဈေးကွက်မှာတော့ ကုလားပဲအုပ်စုတစ်ခုပဲ ဈေးမာမာနဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဗွီတူးကုလားပဲ တစ်အိတ် ငွေကျပ် ၁၉၀၀၀၀၊ ထိုင်ဝမ်ကုလားပဲက တစ်အိတ် ငွေကျပ် ၁၇၅၀၀၀ လောက်နဲ့ လှောင်လက်သမား အရောင်းလေးတွေ ရှိနေတာပါ။ မြေပဲဆန်ဈေးက မတက်ဘဲ အသစ်ဝင်တွေရှိသလောက် အဝယ်သွက်နေပေမယ့် နှမ်းဈေးကတော့  တစ်အိတ်ငွေကျပ် သုံးသိန်းအောက် ကျဆင်းသွားပါတယ်။ ပို့ကုန်ပဲတွေကလည်း ခပ်အေးအေးနဲ့ ဈေးတက်မလာသေးဘူး။ ငွေဈေးတည်ငြိမ်နေတော့ အရောင်းအဝယ် အေးနေတဲ့ သဘောပါ။  ကထိန်ရာသီရောက်လာတော့ ကုန်စည်ဒိုင်မှာလည်း လူပါးနေတယ်။ ပို့ကုန်ပဲတွေအပေါ် ထားရှိတဲ့ ကုန်သွယ်မှု မူဝါဒ မပြောင်းလဲရင် ဈေးကွက်က ထူးခြား စရာမရှိပါဘူး” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း  ဒုတိယ ဥက္ကဋ္ဌ  ဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)က  ပြောသည်။

ယခင်သီတင်းပတ်က ဈေးအေးနေသည့် ပို့ကုန်ပဲနှင့် ကုလားပဲအုပ်စုမှာ ဈေးအနည်း ပြန်လည် မြင့်တက်လာသကဲ့သို့ အသစ်ဝင် မြေပဲ ဆန်များမှာလည်း ဈေးမြင့်တက်နေကြောင်း၊ တရုတ်လိုင်းတင်ပို့မှု အဆင်မပြေခြင်းကြောင့် နှမ်းမျိုးစုံ ဈေးကွက်ကျဆင်းနေကြောင်း၊ ဒေါ်လာငွေ ဈေးတည်ငြိမ်နေခြင်းကြောင့် ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံး အရောင်းအဝယ်အေးနေဆဲ ဖြစ်ကြောင်း၊ ကုလားပဲ အုပ်စုတစ်ခုသာ လှောင်လက်သမားများ ထုတ်ရောင်းသဖြင့် ဈေးမာမာ နှင့် အရောင်းအဝယ်ကောင်းနေကြောင်း  မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း  ဒုတိယ ဥက္ကဋ္ဌ  ဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)က  ပြောသည်။
ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/24/%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%95%e1%80%b2%e1%81%8a%e1%80%94%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%88%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 24, 2022 7:55 下午
下一篇 10月 24, 2022 7:56 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....