စစ်ကိုင်းတိုင်းကလေးအလုပ်သမားပပျောက်ရေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ ပြန်လည်ပြင်ဆင် ဖွဲ့စည်း

စစ်ကိုင်းတိုင်းကလေးအလုပ်သမားပပျောက်ရေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ကော်မတီကို ဆပ်ကော်မတီ ၈ ရပ်ဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းထားကြောင်း သိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“တိုင်းဒေသကြီး အဆင့်ကော်မတီကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းရာမှာ ဆပ်ကော်မတီ ၈ ရပ်နဲ့ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ၂၀၂၂-၂၀၂၃ ဒုတိယ ၆ လအတွင်း ဘဏ္ဍာငွေသုံးစွဲရာမှာ ကော်မတီအသီးသီးက အသုံးစရိတ်တွေကို ရန်ပုံငွေကော်မတီကို တင်ပြသွားကြဖို့နဲ့ ပိုလျှံရန်ပုံငွေတွေကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်တင်ပြသွားကြဖို့ လိုအပ်ပါတယ်။ ကလေးအလုပ်သမား ကိစ္စဟာ အလွန်ကျယ်ပြန့်တဲ့အတွက် တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တာကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ခံယူပြီး အားလုံးပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာပါ။ အစည်းအဝေးကို တက်ရောက်လာကြတဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ကော်မတီတာဝန်ရှိသူတွအနေနဲ့ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးသွားကြဖို့ လိုအပ်ပါတယ်”ဟု အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်ကပြောသည်။

တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ကော်မတီလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီး ဌာနမှ ကော်မတီလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြသည်။

စစ်ကိုင်းတိုင်းကလေးအလုပ်သမားပပျောက်ရေး

ဆက်လက်၍ ကလေးအလုပ်သမားပပျောက်ရေး ကော်မတီအဖွဲ့ဝင် စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး ဗဟိုစာရင်းအင်းဦးစီးဌာနမှ ကော်မတီ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ ပညာရေးနှင့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ကော်မတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်း ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးဥပဒေရုံးမှ ကော်မတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ အဆိုးရွားဆုံးပုံစံနှင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ လုပ်ငန်းခွင်မှဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ကော်မတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ကော်မတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ကော်မတီလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အသီးသီး ဆွေးနွေးတင်ပြကြသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/24/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%a1%e1%80%9c%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 24, 2022 7:54 下午
下一篇 10月 24, 2022 7:56 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....