စစ်ကိုင်းတိုင်းတွင်ဂျုံဧက၅၀၀၀တိုးချဲ့စိုက်ပျိုးမည်

လာမည့်ဆောင်းရာသီ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂျုံဧက ၅၀၀၀ တိုးချဲ့စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းတွင်ဂျုံဧက၅၀၀၀တိုးချဲ့စိုက်ပျိုးမည်

လာမည့်ဆောင်းရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင် ၅ ခု၌ ဂျုံဧက ၅၀၀၀ တိုးချဲ့စိုက်ပျိုးမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးအောင်ကြည်ဝင်း ထံမှသိရသည်။

“ဂျုံကို ကုန်းတန်းတွေမှာ အောက်တိုဘာလက စ၍စိုက်နေပါပြီ။ တချို့ကလည်း ဆင်းသုခ၊ ရွှေသွယ်ရင်လို စပါးသက်လျင်မျိုးတွေရိတ်ပြီး ဂျုံကို စစိုက်နေကြပါပြီ။ ဒီနှစ် စစ်ကိုင်းတိုင်းထဲ ဂျုံစိုက်မယ့်ဧကက ၁၀၂၆၅၀ လျာထားတယ်။ တိုးချဲ့စိုက်မှာက ဧက ၅၀၀၀ ရှိတော့ ဧက ၁၀၇၆၅၀ စိုက်မှာပါ” ဟု ဦးအောင်ကြည်ဝင်း ကပြောသည်။

ဂျုံကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်တွင် ဧက ၃၀၀၊ စစ်ကိုင်းခရိုင်တွင် ဧက ၁၇၅၀၊ မုံရွာခရိုင်တွင် ဧက ၈၅၀၊ ယင်းမာပင်ခရိုင်တွင် ဧက ၇၅၀၊ ရွှေဘိုခရိုင်တွင် ဧက ၁၃၅၀ စုစုပေါင်းဧက ၅၀၀၀ တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းတွင်ဂျုံဧက၅၀၀၀တိုးချဲ့စိုက်ပျိုးမည်

“ဂျုံမျိုးအသစ်စိုက်တာ မရှိပါဘူး။ စိုက်နေကျ မုံရွာဂျုံဖြူလို့ခေါ်တဲ့ ဇလုပ်ဖြူ မျိုးကို စိုက်တာများပါတယ်။ အခု တောင်သူတွေအနေနဲ့ ဂျုံစိုက်ဖို့ လိုလိုလားလား ရှိကြတယ်။ ဂျုံစျေးက မြေပြင်မှာ ဂျုံမျိုးစေ့တစ်တင်းကို ကျပ် ၆၀၀၀၀ နဲ့ ၆၅၀၀၀ မှာဖြစ်နေတယ်။ စျေးကမြင့်နေတယ်။ ဂျုံက သုံးရေပုံမှန်တင်နိုင်ရင် တစ်ဧကကို တင်း ၄၀ နီးပါး ထွက်နေတယ်”ဟု ဦးအောင်ကြည်ဝင်း ကပြောသည်။

ဂျုံကို ဆောင်းတစ်သီးသာစိုက်၍ရပြီး တောင်သူများအတွက် လယ်သီးထပ်များ မြစ်ရေတင်၊ မြေအောက်ရေ၊ ချောင်းပိတ်မြောင်းပိတ်၊ ဆည်ရေနှင့် အင်းစသည့် ရေတင်နည်းစနစ်များဖြင့် စိုက်၍ရကြောင်းသိရသည်။

“ဂျုံတကယ်ကောင်းပြီဆိုရင် တစ်ဧက ၃၅ တင်းကနေ ၄၀ အထိ ထွက်တာဖြစ်တဲ့အတွက် တောင်သူတွေ အကျိုးအမြတ် များများရနိုင်လို့ တောင်သူတွေ တိုးချဲ့စိုက်ဖို့ နှိုးဆော်ချင်ပါတယ်”ဟု ဦးအောင်ကြည်ဝင်း ကပြောသည်။

စစ်ကိုင်းမြို့နယ်တွင် ပြီးခဲ့သည့်နှစ် ဆောင်းရာသီက ဂျုံဧက ၃၁၀၀၀ ကျော် စိုက်ခဲ့ပြီး ယခုလာမည့် ဆောင်းရာသီတွင် တိုးချဲ့စိုက်ဧက အပါအဝင် ဧက ၃၂၀၀၀ နီးပါး စိုက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဦး ထံမှသိရသည်။

“စစ်ကိုင်းမြို့နယ်မှာ ဂျုံစိုက်တာ ၁၅ရွာလောက်ရှိတယ်။ ဂျုံကို နိုဝင်ဘာလမှာစိုက်ပြီး ဖေဖော်ဝါရီလမှာ ရိတ်မှာပါ”ဟု ဦးဇော်ဦး က ပြောသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/24/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%82%e1%80%bb%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 24, 2022 7:58 上午
下一篇 10月 24, 2022 7:55 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....