ပြည်တွင်းငရုတ်သီးအစို ဈေးကျဆင်းလျက်ရှိ

ထိုင်းနယ်စပ် မြဝတီတွင် ဈေးကောင်းမရဖြစ်နေပြီး ပြည်တွင်းငရုတ်သီးအစို ဈေးကျဆင်းလျက်ရှိ

ပြည်တွင်းငရုတ်သီးအစို ဈေးကျဆင်းလျက်ရှိ
ပြည်တွင်းငရုတ်သီးအစို ဈေးကျဆင်းလျက်ရှိ

ထိုင်းဘတ်ငွေဈေး မတည်ငြိမ်ခြင်းကြောင့် ထိုင်းနယ်စပ် မြဝတီတွင် ဈေးမရခြင်းကြောင့် ပြည်တွင်းငရုတ်သီးအစို ဈေးကျဆင်းနေခြင်းနေပြီး ငရုတ်ခြောက် ပြုလုပ်ရောင်းချနေရကြောင်း မြန်မာနိုင်ငံ ငရုတ်သီးစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအဖွဲ့ ငရုတ်အသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော် ကပြောသည်။

“လက်ရှိမှာ ငရုတ်ဈေးကွက်က တော်တော်ကျဆင်းနေပါတယ်။ ပြင်ဦးလွင်၊ ရမည်းသင်းဝန်းကျင် အနည်းငယ်သော လက်ကျန်တွေ ထွက်ရှိနေပါတယ်။ အခင်းဈေး တစ်ပိဿာကျပ် ၃၅၀၀ လောက်သာ ပေါက်ဈေးရှိတော့တယ်။ သန့်စင်ပြီးဆိုရင် တစ်ပိဿာကျပ် ၄၀၀၀ခန့် ပေါက်ဈေးရှိပါတယ်။ မြ၀တီဘက် တင်ပို့ရောင်းချဈေးက တစ်ပိဿာကျပ် ၅၀၀၀ လောက်ပဲ ဈေးရတော့ မကိုက်လို့သိပ်မတင်ဖြစ်တော့ဘူး။ လက်ရှိမှာတော့ ဈေးမကောင်းတော့ ၁-၂ စီးလောက်ပဲ သွားတယ်။ အခြောက်ဈေးကွက်အတွက် အဝယ်ကောင်းနေပါတယ်။ ဒီကာလက ဧရာ၀တီ ငရုတ်စိုက်ဒေသတွေမှာ ပျိုးချိန်ပဲ ရှိသေးတယ်။ လက်ရှိ ပေါက်ဈေးက တောင်သူတွေအတွက် အဆင်မပြေနိုင်ဘူး ဘတ်ဈေးက မတည်ငြိမ်ဘူး။ ထိုင်းကိုလည်း တရုတ်ငရုတ်သီးတွေဝင်ချိန်လည်း ဖြစ်‌တော့ ထိုင်းနယ်စပ်မှာ ဈေးကောင်းမရဖြစ်နေတာပါ။ ဈေးကောင်းချိန် ဆိုရင် ငရုတ်အစိုဈေး တစ်ပိဿာ ကျပ် ၁၀၀၀၀ လောက်ပေါက်‌ဈေးရှိပါတယ်။ လက်ရှိမှာတော့ ထိုင်းငွေဈေးကျလို့ ဈေးကျတာဖြစ်သလို  ငရုတ်ထွက်ချိန်မှာ တူသွားလို့လည်း ဈေးကျဆင်းနေတာပါ” ဟု ၎င်းက ပြောသည်။

ပုံမှန်ဆောင်းစိုက်အဖြစ် စိုက်ပျိုးမှုများသည့် ငရုတ်သီးများမှာ ဖေဖော်ဝါရီလခန့်တွင် ထွက်ရှိလာမည် ဖြစ်ကြောင်းသိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/24/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%84%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%a1%e1%80%85%e1%80%ad%e1%80%af-%e1%80%88/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 24, 2022 7:56 下午
下一篇 10月 24, 2022 7:57 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....