မန္တလေးရှိလမ်း(၄)ခုအားနှစ်လမ်းမောင်းအဖြစ်သတ်မှတ်

မန္တလေးမြို့ရှိ တစ်လမ်းမောင်းလမ်း(၄)ခုအား နှစ်လမ်းမောင်းအဖြစ် အောက်တိုဘာလ ၂၇ ရက်တွင် ပြောင်းလဲ သတ်မှတ်မည်

မန္တလေးရှိလမ်း(၄)ခုအားနှစ်လမ်းမောင်းအဖြစ်သတ်မှတ်

တစ်လမ်းမောင်းအဖြစ် သတ်မှတ်ထားသော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် အတွင်းရှိ လမ်း(၄)ခုအား အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ နှစ်လမ်းမောင်းအဖြစ် ပြောင်းလဲသတ်မှတ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

နှစ်လမ်းမောင်းအဖြစ် ပြောင်းလဲလိုက်သည့် လမ်း(၄)ခုမှာ ၇၈လမ်းမှ လမ်း၈၀ကြားရှိ ၃၆လမ်း၊ ၃၇လမ်း၊ ၃၉လမ်းနှင့် လမ်း၄၀တို့ဖြစ်ကြပြီး အဆိုပါလမ်းများပေါ်တွင် ယာဉ်များကန့်လန့်ရပ်ခြင်း၊ ယာဉ်နှစ်ထပ်ရပ်ခြင်း၊ ဆိုင်ခန်းများ ကျူးကျော်တည်ခင်းရောင်းခြင်းတို့ မပြုလုပ်ရန်လည်း အသိပေးချက်တွင် ဖော်ပြထားသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/24/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%81%84%e1%80%81%e1%80%af%e1%80%a1%e1%80%ac%e1%80%b8%e1%80%94%e1%80%be/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 24, 2022 7:56 下午
下一篇 10月 27, 2022 9:19 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....