မုံရွာစာရေးဆရာအသင်းဒုတိယအကြိမ်သက်ကြီးကန်တော့ပွဲ

မုံရွာမြို့နယ်စာရေးဆရာအသင်း၏ ဒုတိယအကြိမ်မြောက် သက်ကြီးစာပေပညာရှင်များကန်တော့ပွဲ ကျင်းပမည်

မုံရွာစာရေးဆရာအသင်းဒုတိယအကြိမ်သက်ကြီးကန်တော့ပွဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်စာရေးဆရာအသင်းသည် နိုဝင်ဘာလ ၂၃ ရက် (နတ်တော်လဆန်း ၁ ရက်)နေ့တွင် ဒုတိယအကြိမ် သက်ကြီးစာပေပညာရှင်များကန်တော့ပွဲ ကျင်းပမည်ဖြစ်ပြီး အလှူငွေနှင့် ကန်တော့ပစ္စည်းများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

“မုံရွာမြို့နယ်စာရေးဆရာအသင်း အနေနဲ့ သက်ကြီးစာပေပညာရှင်ကန်တော့ပွဲ ဒုတိယအကြိမ်မှာ စာရေးဆရာတွေထဲက ဆုရအောင် ဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ် ၄ဦးကို ဂုဏ်ပြုပွဲ ထည့်သွင်းပြုလုပ်မှာ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေဖြစ်တဲ့ သတင်းထောက်တွေ၊ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးရေးတဲ့သူတွေ အားလုံးက အခုလိုပွဲဆိုရင် စိတ်ဝင်စားကြတာ တွေ့ရပါတယ်။ အခုလိုကန်တော့ပွဲလုပ်တာဟာ သိလို့လှူတဲ့အင်အားနဲ့ ကျင်းပတာပါ”ဟု မုံရွာမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးညွန့်စိုး (ဆရာရွှေရည်စိုး)ကပြောသည်။

ဒုတိယအကြိမ် သက်ကြီးစာပေပညာရှင်ကန်တော့ပွဲတွင် ဆရာကြီး ဦးအောင်ခန့် (ဝဏ္ဏသီရိ)၊ ဦးဘသောင်း (မောင်ကြည်သာ-မုံရွာ)၊ ဦးတိုးဝေ (မုံရွာတိုးဝေ)၊ ဦးကျော်သောင်း (ကျော်သောင်း-ဘုတလင်)၊ ဒေါ်စန်းမြ (မမြဇင်)၊ ဦးဗိုလ်အောင် (ဗိုလ်အောင်-ဒီပဲယင်း)၊ ဦးဘသန်း (သလ္လာမောင်သန်းနီ)၊ ဦးသောင်းကျော် (သောင်းကျော်-ငြိမ်း-ဘုတလင်)နှင့် ဦးညွန့်လှိုင်ချစ် (ညွန့်လှိုင်ချစ်-ဘုတလင်) တို့ကို ကန်တော့ကြမည်ဖြစ်သည်။
မုံရွာစာရေးဆရာအသင်းဒုတိယအကြိမ်သက်ကြီးကန်တော့ပွဲ
ထို့ပြင် ဆုရကလောင်ရှင်များဖြစ်ကြသည့် မဲခေါင်စာပေဆုရ ဆရာနေမင်းသန်း၊ စာပေဗိမာန်ဆုရ ဆရာကျော်သက်ခိုင်၊ စာပေဗိမာန်ဆုရ ဆရာနေအောင်သူနှင့် ပခုက္ကူဦးအုန်းဖေစာပေဆုရ ဆရာကိုလေးပြည့် တို့ကို ဂုဏ်ပြုကြမည်ဖြစ်သည်။

မုံရွာမြို့နယ်စာရေးဆရာအသင်း၏ ပထမအကြိမ် သက်ကြီးစာပေပညာရှင်ကန်တော့ပွဲကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် (နတ်တော်လဆန်း ၁ ရက်)က ကျင်းပပြုလုပ်ခဲ့သည်။

ကန်တော့ပွဲအတွက် လှူဒါန်းလိုသူများအနေဖြင့် ဆရာနေမင်းသန်း (ဖုန်းနံပတ်နှင့် KPay အကောင့်
092228247)၊ ဆရာရွှေရည်စိုး(095363140)နှင့် ဆရာထူးအောင်ဝင့် (09400308443) တို့ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ကန်တော့ပွဲဖြစ်မြောက်ရေး ကော်မတီမှသိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/27/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%85%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%86%e1%80%9b%e1%80%ac%e1%80%a1%e1%80%9e%e1%80%84%e1%80%ba%e1%80%b8%e1%80%92%e1%80%af%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 24, 2022 7:57 下午
下一篇 10月 27, 2022 9:20 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....