အကြီးကိုကိုစာကြည့်တိုက်အမှတ်(၁၃)ကို (၂၀၂၃)ခုနှစ်ဆန်းတွင် ဖွင့်လှစ်မည်

မြန်မာ-တရုတ်နယ်စပ် ရေခဲတောင်ပေါ်ရှိန်းခေါင်ကျေးရွာတွင် အကြီးကိုကိုစာကြည့်တိုက်အမှတ်(၁၃)ကို (၂၀၂၃)ခုနှစ်ဆန်းတွင် ဖွင့်လှစ်မည်

အကြီးကိုကိုစာကြည့်တိုက်အမှတ်(၁၃)ကို (၂၀၂၃)ခုနှစ်ဆန်းတွင် ဖွင့်လှစ်မည်

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ်တွင်ရှိသည့် ရှိန်းခေါင်ကျေးရွာတွင် အကြီးကိုကို စာကြည့်တိုက်အမှတ်(၁၃)ကို (၂၀၂၃)ခုနှစ်ဆန်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နေ စာရေးဆရာအကြီးကိုကိုထံမှ သိရသည်။

“စာကြည့်တိုက် ၁၃ ဖွင့်ရတဲ့ရည်ရွယ်ချက်က မြန်မာ-တရုတ်နယ်စပ်မှာရှိတဲ့ ရွာလေးက မြန်မာယဥ်ကျေးမှုထက် တဖက်နိုင်ငံယဥ်ကျေးမှု လွှမ်းမိုးနေတယ်။ ငွေကြေးသုံးစွဲမှုမှာ တရုတ်ငွေကြေးသုံးစွဲမှု လွှမ်းမိုးနေတယ်။ ယဥ်ကျေးမှု ဓလေ့ထုံးစံဆိုရင်လည်း တရုတ်ပြည်ဖက်နဲ့နီးပြီး သူ့ယဥ်ကျေးမှုတွေ လွှမ်းမိုးမှာ စိုးရိမ်တဲ့အတွက် မြန်မာစာပေ မြန်မာစကား မြန်မာ့ယဥ်ကျေးမှု ဓလေ့ထုံစံ နောက်ဆုံး မြန်မာ့မျိုးချစ်စိတ်တွေ ရှင်သန်ဖို့ စာကြည့်တိုက်ကို ဖွင့်လှစ်မှာပါ” ဟု ဆရာအကြီးကိုကို ကပြောသည်။

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့မှ ၃/၄ ရက်ခန့် လမ်းလျှောက်မှ ရှိန်းခေါင်ရွာသို့ ရောက်ရှိမည်ဖြစ်ပြီး ထိုရွာတွင် မြန်မာအထက်တန်းကျောင်း တည်ရှိသည်။ တရုတ်ပြည်နှင့် လမ်းပန်းပိုမိုလွယ်ကူပြီး ငွေကြေးသုံးစွဲမှုတွင် တရုတ်ငွေကြေးသုံးစွဲမှု လွှမ်းမိုးပြီး တရုတ်ယဉ်ကျေးမှုပွဲတော်၏ အငွေ့အသက်များ ပိုမို ရိုက်ခတ်သောဒေသ ဖြစ်ကြောင်းသိရသည်။
အကြီးကိုကိုစာကြည့်တိုက်အမှတ်(၁၃)ကို (၂၀၂၃)ခုနှစ်ဆန်းတွင် ဖွင့်လှစ်မည်အကြီးကိုကိုစာကြည့်တိုက်အမှတ်(၁၃)ကို (၂၀၂၃)ခုနှစ်ဆန်းတွင် ဖွင့်လှစ်မည်
ဘာသာစကားအနေနှင့် ဒေသခံတိုင်းရင်းသားဘာသာစကားနှင့် တရုတ်ဘာသာစကားကို တွင်တွင်ကျယ်ကျယ် ပြောဆိုကြရာ မြန်မာစကားကို တာဝန်ကျ ဝန်ထမ်းများနှင့် စာသင်ချိန်များတွင်သာ အသုံးများကြောင်း သိရသည်။

“အခါတိုင်းက စာအုပ်နဲ့ အားကစားပစ္စည်းတွေ လှူဖြစ်တယ်။ အားကစားနဲ့စာပေနီးသွားရင် မူးယစ်ဆေးဆိုတာ အလိုလို လျော့သွားနိုင်တယ်။ အခုလှူမယ့်နေရာက ရေခဲတောင်ပေါ်က ဆင်းရဲနွမ်းပါးတဲ့ နယ်စပ်ဒေသဖြစ်တဲ့အတွက် အစားအသောက်၊ အင်္ကျီအနွေးထည်၊ စောင်တွေလှူချင်သူတွေ လှူပေးပါဆိုပြီး အလှူခံထားတာပါ”ဟု ဆရာအကြီးကိုကို ကပြောသည်။
အကြီးကိုကိုစာကြည့်တိုက် ၁၃ အတွက် သုတ ရသ ရုပ်ပြကာတွန်း ပုံပြင်စာအုပ်များ၊ ဒေသသည် အစားအသောက်ရှားပါးသဖြင့် အစားအသောက်လှူဒါန်းလိုသူများ၊ အင်မတန်ချမ်းအေးလွန်းသဖြင့် အဝတ်အစားအနွေးထည်များ၊ ဦးထုပ်ဖိနပ်အစရှိသည့်ပစ္စည်းများ လှူဒါန်းနိုင်နှင့် လှူဒါန်းလိုပါက ဆရာအကြီးကိုကို(ကသာ) ဖုန်း ၀၉၂၄၀၁၆၃၉ / ၀၉၇၈၀၆၈၅၇၈၉ မြစ်ကြီးနား၊ ဆရာမဒေါ်ခင်မာရီ (၀၉၄၀၀၀၁၉၇၂၂ ) မြစ်ကြီးနား၊ ဆရာမနွေဦးမမ ( ၀၉၄၄၃၅၄၅၂၄၄ ) မိုးကောင်းနှင့် ဆရာမ ဒေါငြိမ်းဝင့်ဝင့်အောင် (၀၉၇၉၆၅၆၀၇၆၄) မန္တလေးတို့ထံ လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/30/%e1%80%a1%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ad%e1%80%af%e1%80%85%e1%80%ac%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%b7%e1%80%90%e1%80%ad%e1%80%af%e1%80%80/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw