ပြင်ဦးလွင်မြို့ ယူနန်ဗုဒ္ဓဘာသာ သာရေးနာရေးအသင်းတွင် အန္တရာယ်ကင်း ပရိတ်ရွက်ဖတ် ပူဇော်

ပြင်ဦးလွင်မြို့ ယူနန်ဗုဒ္ဓဘာသာ သာရေးနာရေးအသင်းတွင် အန္တရာယ်ကင်း ပရိတ်ရွက်ဖတ် ပူဇော်

ပြင်ဦးလွင်မြို့ ယူနန်ဗုဒ္ဓဘာသာ သာရေးနာရေးအသင်းတွင် အန္တရာယ်ကင်း ပရိတ်ရွက်ဖတ် ပူဇော်

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)၊ ယူနန်ဗုဒ္ဓဘာသာ သာရေးနာရေးအသင်းတွင် ဒေသခံဗုဒ္ဓဘာသာဝင် တရုတ်လူမျိုးမိသားစုများမှ စုပေါင်း၍ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော် ဆွမ်းကပ်ကန်တော့ပွဲကို အောက်တိုဘာလကုန် နောက်ဆုံးပတ်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါရွတ်ဖတ်ပူဇော်လှုဒါန်းပွဲသို့ မြို့လည်ရွှေစည်းဂုံ ကျောင်းတိုက်ဆရာတော်နှင့်တကွ သံဃာတော်အပါး(၇၀) ကြွရောက်ချီးမြင့်ကာ အန္တရာယ်ကင်းပရိတ်တရားများ ရွတ်ဖတ်သရဇ္ဇယ် အပူဇော်ခံခဲ့ပါသည်။

ဆရာတော်ဘုရားကြီးမှ အနုမောဒနာတရား ဟောကြားရာ “ဗုဒ္ဓဘာသာ တရုတ်ယူနန်ဘုံကျောင်းအသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးကျော်နိုင်နဲ့အဖွဲ့ဝင်အသင်းသားများရဲ့ သဒ္ဓါတရားအားကောင်းမှုတွေကြောင့် သာသနာတော်ကြီးအတွက် များစွာ အထောက်အပံ့ဖြစ်စေခဲ့ပါပြီ။ ကိုဗစ်ကာလမှာလည်း ကျောင်းတိုက်ကြီးမှာ သီတင်းသုံးတော်မူကြတဲ့ စာချစာသင်သံဃာတော်များအတွက် ပစ္စည်းလေးပါး လိုအပ်မှုမရှိအောင် ပေးအပ်လှူဒါန်းမှုများအတွက် သာဓုခေါ်ဆိုပါတယ်”ဟု မိန့်ကြားပါသည်။

ပြင်ဦးလွင်မြို့ ယူနန်ဗုဒ္ဓဘာသာ သာရေးနာရေးအသင်းတွင် အန္တရာယ်ကင်း ပရိတ်ရွက်ဖတ် ပူဇော်ပြင်ဦးလွင်မြို့ ယူနန်ဗုဒ္ဓဘာသာ သာရေးနာရေးအသင်းတွင် အန္တရာယ်ကင်း ပရိတ်ရွက်ဖတ် ပူဇော်

“ကျွန်တော်တို့အသင်းအနေနဲ့ နှစ်စဥ် ယခုလို အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပြီး ဆွမ်းကပ်ပူဇော်ပွဲတွေ မဖြစ်ဖြစ်အောင် ကြိုးစားလုပ်ခဲ့ပါတယ်။ ကိုဗစ်ကာလမှာတော့ ဆရာတော်ကြီးရဲ့ကျောင်းကို သွားရောက်လှူဒါန်းပေးခဲ့တာပါ။ အသင်းသူအသင်းသား အားလုံးနှင့်အကွ နိုင်ငံသူနိုင်ငံသား ကမ္ဘာသူကမ္ဘာသားများအားလုံး အေးချမ်းဖို့ရည်ရွယ်ပါတယ်”ဟု အသင်းဥက္ကဋ္ဌ ဦးကျော်နိုင် ကပြောသည်။

အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ပွဲတွင် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းကြပြီး အသင်းသားများမှ ပစ္စည်းလေးပါး ဆက်ကပ်လှူဒါန်းကြကာ ကျောင်းတိုက်ကြီးရှိ ဆရာတော် သံဃာတော်များအတွက် ဆန်အိတ်(၂၀)၊ ဆီ(၂)ပုံးအားလှူဒါန်းခဲ့ကြောင်း သိရသည်။

နေလင်း (ပြင်ဦးလွင်)

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/05/%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%a6%e1%80%b8%e1%80%9c%e1%80%bd%e1%80%84%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7-%e1%80%9a%e1%80%b0%e1%80%94%e1%80%94%e1%80%ba%e1%80%97%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 5, 2022 11:49 下午
下一篇 11月 9, 2022 9:36 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....