ယခုဘဏ္ဍာနှစ် ၇ လနီးပါးအတွင်း ပဲတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၆၉၀ နီးပါးရှိ

ယခုဘဏ္ဍာနှစ် ၇ လနီးပါးအတွင်း ပဲတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၆၉၀ နီးပါးရှိပြီး ပဲတီစိမ်းကို အများဆုံးတင်ပို့

ယခုဘဏ္ဍာနှစ် ၇ လနီးပါးအတွင်း ပဲတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၆၉၀ နီးပါးရှိ

ယခုဘဏ္ဍာနှစ် ၇ လနီးပါးအတွင်း ပြည်ပကို ပဲမျိုးစုံတန်ချိန် ၈ သိန်း ၇ သောင်းကျော် တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၉၀ နီးပါး ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာ ၂၁ ရက်အထိ ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံတန်ချိန် ၇ သိန်း ၃ သောင်းကျော်နှင့် နယ်စပ်မှ တန် ၁ သိန်း ၄ သောင်းကျော် တင်ပို့ထားပြီး ပင်လယ်ရေကြောင်းတင်ပို့မှုမှာ ဝင်ငွေ ကန်ဒေါ်လာ သန်း ၅၉၀ နီးပါးနှင့် နယ်စပ်တင်ပို့မှုမှ သန်း ၁၀၀ ကျော် ရရှိထားကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်းကို အများဆုံး တင်ပို့ထားပြီး တန်ချိန် ၃ သိန်း ၄ သောင်းကျော်အထိ တင်ပို့ခဲ့သည်။ မတ်ပဲတင်ပို့မှုတန်ချိန် ၂ သိန်း ၉ သောင်းကျော်နှင့်  ပဲစင်းငုံ တန်ချိန် ၆ သောင်း ၈ ထောင်ကျော် တင်ပို့ထားကြောင်း စီးပွား/ကူးသန်းက ထုတ်ပြန်ထားခြင်းဖြစ်သည်။

အိန္ဒိယက လာမည့် ၂၀၂၃ ခုနှစ် မတ်လကုန်အထိ မတ်ပဲနှင့် ပဲစင်းငုံကို အကန့်အသတ်မရှိ တင်သွင်း ခွင့်ပြုထားခြင်းကြောင့် ပဲတင်ပို့မှု ဆက်များနိုင်မည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း က သုံးသပ်ထားသည်။

ပြည်တွင်းပဲမျိုးအသစ်ထွက်ရာသီဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ပဲစျေးကွက် အရောင်းအဝယ်သွက်သည့်လများဖြစ်ပြီး ယခုနှစ်တွင် ပဲမျိုးစုံ စိုက်ပျိုးမှုလျော့နည်းသည့် ဒေသများရှိနေခြင်းကြောင့် ယခင်နှစ်ထက် အထွက်လျော့ကျနိုင်ကြောင်း ပဲကုန်သည်များထံကသိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/05/%e1%80%9a%e1%80%81%e1%80%af%e1%80%98%e1%80%8f%e1%80%b9%e1%80%8d%e1%80%ac%e1%80%94%e1%80%be%e1%80%85%e1%80%ba-%e1%81%87-%e1%80%9c%e1%80%94%e1%80%ae%e1%80%b8%e1%80%95%e1%80%ab%e1%80%b8%e1%80%a1%e1%80%90/

(2)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 5, 2022 11:48 下午
下一篇 11月 5, 2022 11:49 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....