ယခုရက်ပိုင်း ကမ္ဘာ့ရွှေဈေးကွက်ကျဆင်းပြီး ပြည်တွင်းရွှေဈေးအနည်းငယ်မြင့်လာ

ယခုရက်ပိုင်း ကမ္ဘာ့ရွှေဈေးကွက်ကျဆင်းပြီး ပြည်တွင်းရွှေဈေးအနည်းငယ်မြင့်လာ

ယခုရက်ပိုင်း ကမ္ဘာ့ရွှေဈေးကွက်ကျဆင်းပြီး ပြည်တွင်းရွှေဈေးအနည်းငယ်မြင့်လာ

ကမ္ဘာ့ရွှေဈေးကွက်တွင် နိုဝင်ဘာ ၁ ရက်နေ့က တစ် ထရွိုင်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၆၃၃ နှင့် ဈေးကွက် ဖွင့်ခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်ဝန်းကျင်ထက် ဈေးကျဆင်းခဲ့၍ ပြည်တွင်း၌ တစ်ကျပ်သားလျှင် ငွေကျပ် ၂၀၀၀၀ ဝန်းကျင် မြင့်တက်ခဲ့ကြောင်း သိရသည်။

“ရွှေဈေးကွက်မှာ အမေရိကန်ရဲ့ ဘဏ်တိုးနှုန်းနဲ့ သူတို့မူဝါဒ အပြောင်းအလဲတွေကြောင့် ဒေါ်လာ ဈေးအတက်အကျရှိတယ်။ ရွှေ ကလည်း ကမ္ဘာမှာ ဝယ်လိုအား ကျဆင်းလာတဲ့ အနေအထားမှာ ဖြစ်ပြီး ပြည်တွင်းမှာတော့ အရင်နေ့ကထက် အနည်းငယ်ပြန်တက်လာတာပါ။ ရွှေဈေးက ၂၆သိန်းကျပ်ဝန်းကျင်မှာပဲ ရှိနေတယ်”ဟု ရွှေကုန်သည်တစ်ဦးက ပြောသည်။

ပြည်တွင်းရွှေဈေးကွက်မှ အခေါက်ရွှေတစ်ကျပ်သားနှုန်းထားများမှာ အောက်တိုဘာ ၂၆ ရက်က ၂၆၅၅၀၀၀ ကျပ်၊ ၂၇ ရက်က ၂၆၈၀၀၀၀ ကျပ်၊ ၂၈ ရက်က ၂၆၉၀၀၀၀ ကျပ်၊ ၂၉ ရက်က ၂၆၇၀၀၀၀ ကျပ်နဲ့ ၃၁ ရက်က ၂၆၄၃၀၀၀ ကျပ်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်က ၂၆၄၅၀၀၀ ကျပ်ရှိရာက ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ၂၆၆၅၀၀၀ ကျပ်ဖြစ်ရာ တစ်ကျပ်သားအပေါ် ငွေကျပ် ၂၀၀၀၀ ဈေးမြှင့်ခဲ့သည်။

ပြင်ပ အမေရိကန်ဒေါ်လာ  လဲလှယ်နှုန်းထားမှာလည်း အောက်တိုဘာ ၂၆ရက်က ၂၉၇၀ ဒေါ်လာ ဝန်းကျင်ရှိပြီး ၂၈ ရက်က ၃၀၂၀ ဒေါ်လာရှိခဲ့ရာက နိုဝင်ဘာ ၁ ရက်တွင် ၂၉၅၀ ဒေါ်လာဝန်းကျင် ပေါက်ဈေးရှိသဖြင့်  ရက်ပိုင်းအတွင်း ဒေါ်လာ ၇၀ ခန့်ကျဆင်းခဲ့ကြောင်းသိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/05/%e1%80%9a%e1%80%81%e1%80%af%e1%80%9b%e1%80%80%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%80%e1%80%99%e1%80%b9%e1%80%98%e1%80%ac%e1%80%b7%e1%80%9b%e1%80%bd%e1%80%be%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 1, 2022 9:48 下午
下一篇 11月 5, 2022 11:49 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....