ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲမြန်မာမှရွှေတံဆိပ်ရ

၂၀၂၂ ခုနှစ် တတိယအကြိမ် အာဆီယံ-တရုတ်ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်ရရှိ

ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲမြန်မာမှရွှေတံဆိပ်ရ

တတိယအကြိမ် အာဆီယံ-တရုတ် ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲ (3rd ASEAN-China Friendship and Cooperation Short Video Contest) တွင် မြန်မာနိုင်ငံ MITV မှ ရိုက်ကူးယှဉ်ပြိုင်သည့် “ထောင်စုနှစ် ပေါက်ဖော်မေတ္တာ” ဗီဒီယိုအတိုသည် ရွှေတံဆိပ်ဆု ရရှိခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ MITV မှ မြန်မာနိုင်ငံကိုယ်စားပြု၍ တရုတ်-မြန်မာချစ်ကြည်ရေး ပုံရိပ်များကို အဓိကဖော်ကျူးထားသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ သဗ္ဗညုဘုရားကြီးအား တရုတ်နိုင်ငံအထောက်အပံ့ဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေပုံအကြောင်း ၅ မိနစ်ကြာ အစီအစဉ်အား ပေးပို့ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲမှ ပြိုင်ပွဲဝင်လက်ရာများကို တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများမှ ဒိုင်အဖွဲ့ဝင် ၁၀ ဦးက ကြည့်ရှုအကဲဖြတ်ကြပြီး မြန်မာနိုင်ငံက ရွှေတံဆိပ်၊ လာအို-တရုတ်တို့ ပူးပေါင်းရိုက်ကူးသည့် ပြိုင်ပွဲဝင်ဗီဒီယိုများက ငွေတံဆိပ် နှစ်ဆု၊ မလေးရှားနိုင်ငံနှင့် စင်ကာပူ-တရုတ်တို့ ပူးပေါင်းရိုက်ကူးသည့် ပြိုင်ပွဲဝင်ဗီဒီယိုနှင့် ကမ္ဘောဒီးယား-တရုတ် ပူးပေါင်းရိုက်ကူးသည့် ပြိုင်ပွဲဝင်ဗီဒီယိုများက ကြေးတံဆိပ် သုံးဆုနှင့် အထူးဆု ၁၅ ခုတို့ကို ရွေးချယ်ခဲ့ကြသည်။

ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲမြန်မာမှရွှေတံဆိပ်ရဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲမြန်မာမှရွှေတံဆိပ်ရဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲမြန်မာမှရွှေတံဆိပ်ရဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲမြန်မာမှရွှေတံဆိပ်ရ

အဆိုပါ ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲအား အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အထောက်အကူဖြစ်စေရန်အတွက် တရုတ်နိုင်ငံက ၂၀၂၀ ပြည့်နှစ်မှ စတင်၍ နှစ်စဉ်ဖိတ်ခေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အာဆီယံဆိုင်ရာ တရုတ်မစ်ရှင်အဖွဲ့ (China’s Mission to ASEAN)၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းမစ်ရှင်အဖွဲ့ (Permanent Mission of Myanmar to ASEAN)၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး (ASEAN Secretariat)၊ ဝူရှီးမြူနီစပယ်အုပ်ချုပ်ရေးအဖွဲ့ (Wuxi municipal government)နှင့် အခြားအစိုးရဌာနနှင့်အဖွဲ့အစည်းများ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/09/%e1%80%97%e1%80%ae%e1%80%92%e1%80%ae%e1%80%9a%e1%80%ad%e1%80%af%e1%80%87%e1%80%ac%e1%80%90%e1%80%ba%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%95%e1%80%bc%e1%80%ad%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 9, 2022 9:36 下午
下一篇 11月 9, 2022 9:38 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....