ဦးမျိုးသစ် ဒေါက်တာစိုးသန်းအကျဉ်းထောင်မှလွတ်မြောက်

မန္တလေးတိုင်းဒေသကြီး သယံဇာတဝန်ကြီးဟောင်း ဦးမျိုးသစ် နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း ဒေါက်တာစိုးသန်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာ

ဦးမျိုးသစ် ဒေါက်တာစိုးသန်းအကျဉ်းထောင်မှလွတ်မြောက်

ပြစ်ဒဏ်ချခံခဲ့ရပြီး လွတ်ရက်စေ့သဖြင့် မန္တလေးတိုင်းဒေသကြီး သယံဇာတဝန်ကြီးဟောင်း ဦးမျိုးသစ် နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဟောင်း ဒေါက်တာစိုးသန်းတို့သည် ယခုရက်ပိုင်းတွင် အကျဉ်းထောင်မှ အသီးသီး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးဟောင်း ဒေါက်တာစိုးသန်းသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ရက်နေ့က အောင်မြေသာစံမြို့နယ်တရားရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅/၃၀(က)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရကာ အိုးဘိုထောင်တွင် အကျဉ်းကျခံနေရာမှ နိုဝင်ဘာလ(၈)ရက်နေ့က လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

ဦးမျိုးသစ် ဒေါက်တာစိုးသန်းအကျဉ်းထောင်မှလွတ်မြောက်

ထို့အတူ မန္တလေးတိုင်းဒေသကြီး သယံဇာတဝန်ကြီးဟောင်း ဦးမျိုးသစ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖမ်းဆီးရုံးထုတ် စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး ပုဒ်မ-၅၀၅(ခ)ဖြင့် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၃ရက်က ထောင်ဒဏ်(၂)နှစ် ပြစ်ဒဏ်ချခံခဲ့ရပြီး လွတ်ရက်စေ့၍ ပြန်လွတ်လာခဲ့ခြင်း ဖြစ်သည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/13/%e1%80%a6%e1%80%b8%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%85%e1%80%ba-%e1%80%92%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%90%e1%80%ac%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 13, 2022 9:56 上午
下一篇 11月 13, 2022 9:57 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....