ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု တစ်ပတ်အတွင်း ဒေါ်လာ ၂သန်းကျော်နိုင်ခဲ့ 

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု တစ်ပတ်အတွင်း ဒေါ်လာ ၂သန်းကျော်နိုင်ခဲ့ 

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု တစ်ပတ်အတွင်း ဒေါ်လာ ၂သန်းကျော်နိုင်ခဲ့ 

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု တစ်ပတ်အတွင်း ဒေါ်လာ ၂သန်းကျော်တန်ဖိုးရှိ ပို့ကုန်များကို တင်ပို့နိုင်ခဲ့ကြောင်း မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၄ ရက်နေ့အတွင်း ကန်ပိုက်တည် နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ ဆန်၊ နှမ်း၊ ပိုးလုံးအိမ်၊ ငရုတ်သီးခြောက်နှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်း သိရသည်။

ယင်းပို့ကုန်၏ ငွေပမာဏမှာ ၂၁၀၆၂၀၄ ဒသမ ၃၂ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် အောက်တိုဘာလ ၂၂ ရက်မှ ၂၈ ရက်နေ့ထိတင်ပို့ကုန်၏ငွေပမာဏ ၁၆၉၄၆၆၆ ဒဿမ ၂၂ ကန်ဒေါ်လာနှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏနှိုင်းယဉ်ပါက ၄၁၁၅၃၈ ဒဿမ ၁၀ ကန်ဒေါ်လာ ပိုမို၍တင်ပို့ထားကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

သွင်းကုန်ပစ္စည်းများအနေဖြင့် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၄ ရက်နေ့အတွင်း ကန်ပိုက်တည်နှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စက်နှင့်စက်ပစ္စည်းများ၊ ဆေးဝါးပစ္စည်း များ၊ ချည်ထည်များ၊ ဓာတုဗေဒချည်ခင် များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဇာနှင့် ဇာထိုးထားသောအထည်အလိပ်များ၊ ချုပ်ပြီးအဝတ်အထည်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သံပိုက်များ၊ မြက်ခင်းတုများ၊ ကားတာယာများနှင့် အခြားပစ္စည်းများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ ငွေပမာဏမှာ ၅၁၀၅၄၆ ဒဿမ ၅၈ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် အောက်တိုဘာလ ၂၂ ရက်မှ ၂၈ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏ ၂၅၁၆၃၈ ဒဿမ ၈ ကန်ဒေါ်လာနှင့် ကာလတူ တင်သွင်းကုန်၏ ငွေပမာဏနှင့်နှိုင်းယှဉ်ပါက ၂၅၈၉၀၇ ဒဿမ ၇၈ ကန်ဒေါ်လာ ပိုမို၍ တင်သွင်းခဲ့သည်ဟု ဆိုသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယဉ်ကြည့်ရာ တင်သွင်းကုန်၏ ငွေပမာဏမှာ ၁၅၉၅၆၅၇ ဒဿမ ၇၄ ကန်ဒေါ်လာ ပိုမိုပြီး ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၄၇ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၈ ဒဿမ ၁၈ ကျပ်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/13/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%81%8f-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 9, 2022 9:38 下午
下一篇 11月 13, 2022 9:56 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....